Headline
Saturday 28 November 2015
အသိပေးခြင်း နဲ့ဖိတ်ခေါ်ခြင်း
ဤ Blog လာလည်သူများအားလုံးကို ကိုယ်ပိုင် 
domain ဖြင့် www.thespiritfruit.com
တင်ဆက်ထားပါသည်။ သို့ဖြစ်၍ ဤ Blog 
လာလည်သူ ဓမ္မမိတ်ဆွေ အားလုံးကို Admin 
အနေဖြင့် ပါဝင်ဆက်ကပ်ပါရန် ခရစ်တော်၏ 
နာမတော်မြတ်၌ ဖိတ်ခေါ်လျှက် ကြိုဆိုပါသည်။
Wednesday 17 July 2013
အပြစ်ငရဲ မှ ကျွှတ်ရာလမ်း
           ဤလောကမှာ ခရစ်ယာန်တွေ သေဆုံးသွားသည့်အခါ ခရစ်တော်၌ အိပ်ပျော်ခြင်း ဆိုသည့်
စာသားသတင်းစာမှာ၎င်း သချိုင်းကုန်း လက်ဝါးကားတိုင်းပေါ်မှာ R.I.P (rest in peace) တွေ့ရသည်။
အဘယ်ကြောင့်ဆိုသော် ခရစ်ယာန်တွေဟာ သေဆုံးသွားသည့်အခါ အိုခြင်း ၊နာခြင်း ကနေသခဏ 
တာအနားယူ( အိပ်ပျော်ခြင်း) ဖြစ်သည်။ သမ္မာကျမ်းစာက သခင်ဘုရားသည်ကြွေးကြော်ခြင်း
၊ကောင်းကင်းတမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကိုမှုတ်ခြင်းနှင့်တကွ၊
ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မှု၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည်
အဦးထမြောက်ကြလိမ့်မည်။ (၁ သက် ၄း၁၆) ထိုကြောင့် တဖန်ခရစ်တော်ပြန်လာသည့်အခါ  
ရှင်ပြန်ထမြောက်ပြီး ထာဝရကောင်းကင်းနိုင်ငံ ရောက်ရှိမည်ဖြစ်သောကြောင့် ခရစ်ယာန်တွေသေဆုံး
သွားသည့်အခါ ဝမ်းနည်းပူဆွေးခြင်းမပြုပဲ ဝမ်းမြောက်စွာဖြင့် သီချင်းဆိုနိုင်ခြင်း ဖြစ်သည်။
            မိတ်ဆွေ - သေခြင်းတရားက အသက်အရွယ်၊ အဆင့်အတန်းမခွဲခြားပေ။ သေခြင်းတရားကမင်း
အသက်ငယ်သေး၍ နောက်မှသေ၊ မင်းအသက်ကြီး၍အရင်သေဆိုတာ မျိုးမရှိပါ။ မြန်မာစကားပုံမှာ
ငယ်ရွယ်မှာပညာရှာ၊လူလတ်မှာ ဥစ္စာရှာ၊ အိုမင်းမှ တရားရှာမည် ဆိုပါစို့ မိတ်ဆွေ -  အနေဖြင့် ပညာ
ရှာစဉ် အသက်ဆုံးသွားပါက ကောင်းကင်နိုင်ငံ ရောက်ရမည်လို့ သေချာပါသလား?ကိုယ်ရဲ့ကောင်းမူ
ကုသိုလ်အားဖြင့် ကောင်းကင်းနိုင်ငံ တကယ်ရောက်နိုင်မည်ရဲ့လား?သေချာစဉ်စားပါ ကိုယ်ကျော်ဖြတ်ပြီးခဲ့
သည့်ဘဝတွေမုာ ကောင်းမူကုသိုလ်နှင့်အကုသိုလ် ဘယ်ဟာပိုများသလဲ?ငရဲရောက်မှဘာမှပြုပြင်လို့
မရသောကြောင့်ငရဲရောက် မှနောင်တရသောသူ မဖြစ်စေချင်ပါ။ သေချာပါသည် မိတ်ဆွေ - မြန်မာ
စကားပုံမှာကုသိုလ်တစ်ပဲ ငရဲတစ်ပိသာ ဆိုရိုးစကားရှိပါသည်။ထို့ကြောင့် ကိုယ်ရဲ့ကောင်းမူကုသိုလ်
အားဖြင့်ကောင်းကင်နိုင်ငံလုံးဝ မရောက်နိုင်ပါ။
Thursday 19 January 2012
အပြစ်လွတ်ခြင်း
တ၊ ၁၃း၃၈ “ထို့ကြောင့် ညီအစ်ကိုတို့၊ ထိုသခင်၏ ကျေးဇူးတော်ကြောင့် အပြစ်လွှတ်ခြင်း တရားကိုကို သင်တို့အား ဟောကြားခဲ့သည်ကို သိမှတ်ကြလော့”။
           ခွင့်လွှတ်ခြင်းသည် အဘယ်နည်း? အဘယ်ကြောင့် ကျွန်ုပ်တို့သည် အပြစ် လွတ်ခြင်း တရားကို လိုအပ်သနည်း?
           “ခွင့်လွှတ်ခြင်း” အဓိပ္ပါယ်သည် တောက်ပြောင်သန့်ရှင်းရန် ဆေးကြောပေး ခြင်း၊ ကျေးဇူးဂရုဏာသက်ရောက်ခြင်းဖြင့် ခွင့်လွှတ်ခြင်း၊ အကြွေးစာရင်းမှပယ်ဖျက် ခြင်းမျိုးဖြစ်သည်။ ကျွန်ုပ်တို့သည် လူတစ်စုံတစ်ယောက်အပေါ်တွင် အပြစ်ပြုမိသော အခါ ထိုသူနှင့် ပြန်လည်သင့်မြတ်၍ မိတ်သဟာရဖွဲ့နိုင်ရန် သူတို့၏ ခွင့်လွှတ်ခြင်းကို ကျွန်ုပ်တို့ လိုအပ်သည်။ ထိုခွင့်လွှတ်ခြင်းသည် ထိုက်တန်သူတစ်ဦးပေါ်တွင် ပေးအပ် သော အရာမဟုတ်ပေ။ မည်သူကမှ ခွင့်လွှတ်ရန် မထိုက်တန်ပေ။ ခွင့်လွှတ် ခြင်းသည် ချစ်ခြင်း မေတ္တာ၊ ဂရုဏာတရားနှင့် သစ္စာတရားတို့၏ လုပ်ဆောင်မှုပင်ဖြစ် သည်။ ခွင့်လွှတ်ခြင်းသည် ဆန့်ကျင် ပုန်ကန်မှုပြုသောသူအား ပြန်လည်မတုံ့ပြန် ရန် ဆုံးဖြတ် ချက်ချမှတ်ခြင်း၊ မိတ်ဆွေအပေါ် သူတို့ပြုခဲ့သော အမှားတို့ကို ပြန်လည် လက်စား မချေခြင်းပင်ဖြစ်သည်။
ကျွန်ုပ်တို့ အားလုံး တို့သည် ဘုရားသခင် ထံမှ လာသော ခွင့်လွှတ်ခြင်းကို လိုအပ် ကြောင်းကို သမ္မာ ကျမ်းစာက ဖော်ပြ ခဲ့သည်။ ကျွန်ုပ်တို့ အားလုံး တို့သည် အပြစ် ဒုစရိုက်ကို ပြုခဲ့ကြပြီ။ ဒေသနာကျမ်း ၇း၂၀ က “အပြစ်မပါပဲ ကောင်းသော အကျင့် ကိုကျင့်သော သူတော်ကောင်း တစုံ တစ်ယောက်မျှ မြေကြီး ပေါ်မှာမရှိ။” ဟု ဖော်ပြ ထားပါသည်။ ၁ယော၊ ၁း၈ က “ကိုယ်အပြစ် မရှိဟု ငါတို့သည် ဆိုလျှင်၊ ကိုယ့်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာ တရားမရှိ” ဟု ပြောထား ပါသည်။ အပြစ်ဟူ သမျှသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သည် (ဆ၊၅၁း၎)။ ကျွန်ုပ်တို့သည် အပြစ် ရှိကြ သောကြောင့် ဘုရား သခင်၏ ခွင့်လွှတ်ခြင်း တရားကို ကျွန်ုပ်တို့ လိုအပ် သည်။ ကျွန်ုပ် တို့သည် လွှတ်ငြိမ်းခြင်း အခွင့် မရလျှင် ထိုအပြစ် ကြောင့် ငရဲ မီးအိုင် ထဲ၌ ထာဝရ ကာလ ဒုက္ခ ဆင်းရဲခြင်းကို ခံစား ရပါ လိမ့်မည်။ (မ၊ ၂၅း၄၆၊ ယော၊၃း၃၆)
 ခွင့်လွှတ်ခြင်း - ၄င်းကို ကျွန်ုပ်သည် မည်ကဲ့သို့ရရှိနိုင်မည်နည်း?
          ကျွန်ုပ်တို့၏ အပြစ်များ အတွက် တစ်ခု တည်းသော တရား စီရင်ခြင်းသည် သေခြင်း ဖြစ်သည်။ ရောမ၊ ၆း၂၃ အစောပိုင်းတွင် “အပြစ်၏အခကား သေခြင်း ပေတည်း” ဟု ဖော်ပြထားသည်။ ထာဝရ သေခြင်းသည် ကျွန်ုပ်တို့၏ အပြစ်တရား ၏ အကျိုးသက်ရောက်မှုပင်ဖြစ်သည်။ သခင်ယေရှု သည် ဘုရားသခင်၏ အစီအ စဉ်အတိုင်း လူ့ဇာတိကို ခံယူခဲ့ ပါသည် (ယော၊၁း၁၊၁၄)။ သခင်ယေ ရှုသည် ကားတိုင် ပေါ်တွင် အသေခံ၍ ၄င်းအားဖြင့် ကျွန်ုပ်တို့နှင့် ထိုက်တန်သော တရားစီရင်ခြင်း သေဒဏ်ကို သူယူဆောင်သွား ခဲ့သည်။ (၂ကော၊၅း၂၁) ထဲတွင် “အဘယ်ကြောင့် နည်းဟူမူကား ဘုရားသခင် သည် အပြစ်နှင့် ကင်းစင်သော သူကို ငါတို့ အတွက်ကြောင့် အပြစ်ရှိသော သူဖြစ် စေတော်မူ၏။ အကြောင်းမူကား ငါတို့သည် ထိုသူအားဖြင့် ဘုရား သခင် ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည် အကြောင်းတည်း” ဟု ဖော်ပြထားပါ သည်။ သခင် ယေရှုသည် ကားတိုင် တော်ပေါ်တွင် အသေခံ၍ ကျွန်ုပ်တို့ နှင့် ထိုက် တန်သော ကျိန်ခြင်းတို့ကို သူသည် ယူဆောင်သွားခဲ့သည်။ ဘုရားသခင်၏ မျက်မှောက်၌ လောကီသား အားလုံးတို့၏ အပြစ် ဟူသမျှ တို့ကို သခင်ယေရှု၏ အသေခံ ခြင်းအားဖြင့် လွတ်ငြိမ်းခြင်း အခွင့်ရရှိကြသည်။ ၁ယော၊ ၂း၂ ထဲတွင် “ထိုသခင်သည် ငါတို့၏ အပြစ်မက၊ လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာ အကြောင်း ဖြစ်တော်မူ၏” ဟုဖော်ပြ ထားသည်။ သခင်ယေရှုသည် သေခြင်းမှ ထမြောက်ခဲ့၍ သူ၏ အပြစ် တရားနှင့် သေခြင်း တရားပေါ်တွင် အောင်မြင်ခြင်း ရရှိကြောင်း ကြွေးကြော်ခဲ့ပါသည်(၁ကော၊၁၅း၁-၂၈)။ ဘုရားသခင် ဘုန်းကြီးပါစေ။ သခင် ယေရှု အသေခံ ခြင်းနှင့် ပြန်လည် ထမြောက် ခြင်းအားဖြင့် ရောမ၊ ၆း၂၃ နောက်ပိုင်း တွင် ဖော်ပြသော အကြောင်း အရာတို့သည် မှန်ကန်သည်။” ……… ဘုရား သခင်ပေး တော်မူသော ကျေးဇူးတော်ကား ငါတို့ သခင် ယေရှုခရစ်အားဖြင့် ထာဝရ အသက်ပေတည်း”။
          မိတ်ဆွေသည် အပြစ်တရားမှ လွှတ်ငြိမ်းခြင်း အခွင့်ရယူလိုသလော? မိတ်ဆွေ သည် မိမိ ဒုစရိုက် နွံထဲမှ မရုန်းထွက်နိုင် ဟု မိမိကိုယ်ကို ခံစားပါသ လော? မိတ်ဆွေသည် သခင် ယေရှု ခရစ်တော်ကို မိမိ ကယ်တင်ရှင် အဖြစ် ယုံကြည် လက်ခံလျှင် အပြစ် တရားအုပ်စိုးမှု နွံထဲမှ လွတ်မြောက်ခြင်း အခွင့် ရရှိမည် ဖြစ်ပါသည်။ ဧဖက်၊ ၁း၇ ထဲတွင် “ခပ်သိမ်းသော သတိ ပညာတော် နှင့် လျော်ညီစွာ ငါတို့၌ အတိုင်းထက် အလွန် များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝ ပြည့်စုံနှင့်အညီ၊ ထိုသားတော် ၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူ ခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည် ခံရကြ၏” ဟု ဖော်ပြထားသည်။ သခင်ယေရှုက ကျွန်ုပ်တို့၏ အပြစ်ကြွေး အားလုံးတို့ကို ပေး ဆပ်ခဲ့သောကြောင့် ကျွန်ုပ်တို့သည် အပြစ်လွတ်ခြင်း အခွင့်ရရှိသည်။ မိတ်ဆွေ လုပ်ဆောင် ရမည့် အရာသည် သခင်ယေရှု အားဖြင့် မိတ်ဆွေ၏ အပြစ်များကို လွှတ်ခြင်း အခွင့်ရရှိရန် ဘုရားသခင်ထံ တောင်းလျှောက်ခြင်း၊ သခင်ယေရှုသည် မိတ်ဆွေ၏ လွတ်ငြိမ်း ချမ်းသာခွင့်ရရှိရန် အသေခံသည်ဟု ယုံကြည်ခြင်း တို့ဖြစ်သည်။သို့ပြု လျှင်ဘုရားသခင်က မိတ်ဆွေကို ခွင့်လွှတ်ပါလိမ့်မည်။ ယောဟန်၊ ၃း၃၆-၁၇ ထဲ တွင် အံ့သြဘွယ် ကောင်းသော သတင်းကို ဖော်ပြထားပါသည်။ “ဘုရားသခင်၏ သားတော်ကို ယုံကြည်သော သူအပေါင်းတို့ သည် ပျက်ဆီးခြင်းသို့ မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည့် တိုင်အောင် လောကီ သားတို့ကိုချစ်တော်မူ၏။ လောကီသား တို့အား အပြစ် စီရင်ခြင်းငှာ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူ သည်မဟုတ်။ လောကီ သားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည် အကြောင်း စေလွှတ်တော်မူ၏”။
 ခွင့်လွှတ်ခြင်းတရား - ၄င်းကို အမှန်ရရှိရန် လွယ်ကူပါသလား?
          ဟုတ်ပါသည်။ လွယ်ကူပါသည်။ ဘုရားသခင်ထံမှ အပြစ်လွှတ်ခြင်း အခွင့် ရရှိရန် ကျွန်ုပ် တို့သည် ကြိုးပမ်း လုပ်ဆောင် မှုဖြင့် မရနိုင်ပေ။ အပြစ်လွှတ်ခြင်း အခွင့်ကို ဘုရားသခင်၏ ကျေးဇူးတော်နှင့် ဂရုဏာ တရားတော်ကို ယုံကြည်ခြင်း အားဖြင့် ကျွန်ုပ်တို့ ရရှိနိုင် ပါသည်။ မိတ်ဆွေသည် သခင်ယေရှု ခရစ်တော်ကို မိမိ ကယ်တင်ပိုင်ရှင် အဖြစ် လက်ခံလို၍ ဘုရား သခင်ထံမှ အပြစ် လွတ်ငြိမ်းခြင်း အခွင့် ရယူ လိုလျှင် မိတ်ဆွေသည် ဤသို့ ဆုတောင်းနိုင်သည်။ ယုံကြည်ခြင်း မရှိပဲ ဆုတောင်းခြင်း အားဖြင့် ဖြစ်စေ၊ အခြားသော ဆုတောင်းခြင်း အားဖြင့် ကယ်တင်ခြင်း မရနိုင်ပေ။ သခင်ယေရှု ခရစ်တော်ကို ယုံကြည် ကိုးစားခြင်း အားဖြင့် ကျွန်ုပ်တို့သည် အပြစ် လွှတ်ခြင်း အခွင့် ရရှိနိုင်သည်။ ဤဆုတောင်းခြင်းသည် ကျွန်ုပ်တို့ ဘုရားသခင်ကို ယုံကြည်ကြောင်း ကို သူ့ထံ ရင်ဖွင့် ပြောဆိုခြင်းနှင့် ကျွန်ုပ်တို့၏ အပြစ်လွှတ်ခြင်း အတွက် သူပြင်ဆင်ပေး ခြင်းအပေါ် သူ့ကို ကျေးဇူးတင် စကားပြောခြင်း ဖြစ်သည်။ “ကိုယ်တော်ရှင်၊ ကျွန်ုပ် သည် ကိုယ်တော့်ကိုပြစ်မှား၍ အပြစ်ဒဏ် ခံထိုက်သူ ဖြစ်ကြောင်း ကျွန်ုပ်သိရှိပါ၏။ သို့သော် သခင် ယေရှုခရစ်တော်က ကျွန်ုပ်နှင့် ထိုက်တန်သော အပြစ်ဒဏ် အတွက် အသေခံ ခဲ့သောကြောင့် ကျွန်ုပ်သည် မိမိ အပြစ်နွံထဲမှ လွတ်မြောက်၍ ကယ်တင်ခြင်း ရရှိရန် ကိုယ်တော့်ကို ကျွန်ုပ်ယုံကြည်ပါ၏။ ကိုယ်တော်၏ အံ့သြဘွယ် ကောင်းသော ကျေးဇူးတော်နှင့် ခွင့်လွှတ်ခြင်း တရားအတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါ၏! အာမင်!”
ယေရှုကို သင့်အသက်တာ၏ သခင်ဖြစ်စေပါ
 ယေရှုကို သင့် အသက်တာ ၏ အရှင်သခင် ဖြစ်စေရန် အရေးကြီး လှပါသည်။ ကိုယ်တော်သည် သင်၏ သခင် ဖြစ်ကြောင်း ကိုယ်တော့်အား ယခု ပြောပြပါ။ သင့် အသက်တာ၏ ကဏ္ဍ တိုင်းကို ယေရှုအား ပေး၍ သခင် အဖြစ် ကြေငြာပါ။ သင်၏ သခင်အနေဖြင့် အဆိုပါ ကဏ္ဍများ အတွက် ကိုယ်တော့်မှာ ပြောစရာရှိပြီး ကိုယ်တော် ပြောသော အရာကို နားထောင်၍ လုပ်ဆောင် ရပေမည်။
  နှုတ်ကပတ်တော် အားဖြင့် ဖြစ်စေ၊ သင့်အတွင်း လူအား ဖြင့်ဖြစ်စေ ကိုယ်တော် စကားပြော သောအခါ  သင်သည် နာခံရန် အသင့် ရှိနေပေ လိမ့်မည်။ မည်သူ စကားပြော နေသည်ကို သင်ကြားပြီး ယုံကြည်ဖို့ အဆင်သင့် ရှိနေလိမ့်မည်။ သင်၏ သိစိတ်သည် သူ၏ နေရာတွင်နေပြီး အခွင့်အာဏာကို လုမယူဘဲ သင်၏ ဝိညာဉ်ကို နာခံလိမ့်မည်။ သဘာဝထက် လွန်ကဲသော အရာက ထိန်းချုပ်နေသည်။
  နှလုံးသား၏ ယုံကြည်ခြင်းသည် အသိဉာဏ်၏ အကန့်အသတ်နှင့် အခြေအနေကို ကျော်လွန်၍ တွေ့မြင်သည်။ ယုံကြည်ခြင်းက စိတ်ပိုင်း (သို့) ရုပ်ပိုင်း အမှန်တရားများကို မငြင်းပယ်သော်လည်း အခြေအနေများကို နောက်ဆုံး စကားပြောခွင့် မပေးပါချေ။ အခြေ အနေများကို  ကျော်လွန်၍ ပိုမိုစစ်မှန်သော အမှန်တရား များကို ကြည့်ရှု နေသည်။
 ထိုအမှန် တရားမှာ ခရစ်တော်ဖြစ်ပြီး (ကောလော ၂း၁၇)ကိုယ်တော် ပြောသော အရာနှင့် ကျွန်ုပ်၏ အသိဉာဏ် (သို့) အခြေ အနေများက ပြောသော အရာ အကြား ရွေးချယ် ရသောအခါ နှုတ်ကပတ်တော်ကို ကျွန်ုပ်  ရွေးချယ်သည်။ ထိုအခါ နှုတ်ကပတ်တော် အထဲရှိ သဘာဝထက် လွန်ကဲသောတန်ခိုးက အခြေအနေများကို ပြောင်းလဲပေးနိုင်လိမ့်မည်။ ထိုသို့ ဖြစ်ပျက် နေချိန်တွင် ကျွန်ုပ် နှလုံးသား၏ ယုံကြည်ခြင်းသည် “မမြင်ရသော အရာကို သေချာစွာ စွဲလမ်းပြီး” ကျွန်ုပ်၏ အသိစိတ်သည် နှုတ်ကပတ်တော် အားဖြင့် ပြုပြင်ခံရသဖြင့် ကြောက်ရွံ့ခြင်းသည် နောက်ဆုတ် သွားပြီး ယုံကြည်ခြင်း၏ အနားယူခြင်းက လူတို့ ကြံစည်၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းကို ကျွန်ုပ် အားပေးသည်။ (ဖိလိ ၄း၇)
*ပင်ပန်းမှူ ပျောက်ကာ လန်းဆန်း စေမည့် နည်း (၁၅) မျိုး *
တစ်နေကုန် ပင်ပန်းနွမ်းနယ် နေပါသလား။*
      တစ်နေ့ ထက် တစ်နေ့ အားအင် ချည့်နဲ့ကာ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေ
ပါသလား။ မကြာခဏ သမ်းဝေကာ ငိုက်မျည်း နေတတ် ပါသလား။
     ပင်ပန်း နုံးချည့် ရခြင်း အကြောင်းရင်းကို ရှာကာ အမြဲ သွက်လက် အားအင်
ပြည့်စေနိုင်မယ့် နည်းလမ်း ၁၅ မျိုးကို ဖော်ပြလိုက်ပါတယ်။
၁။ ပင်ပန်းရခြင်း အကြောင်းရင်း ရှာပါ သင့်ရဲ့ အားအင်တွေ ပြန်ပြည့်ဖို့ ပထမဆုံး
လုပ်ရမှာက သင့် စားသောက် နေထိုင်ပုံက သင့်ရဲ့ အားအင်တွေကို ဘယ်လို ဆုတ်ယုတ်
နေစေသလဲ ဆိုတာကို သုံးသပ်ဖို့ ပါပဲ။ ရေသောက် နည်းပြီး ရေဓာတ် ခြောက်ခန်း
နေသလား၊ အရက်သောက် များနေသလား၊ အစာ လျှော့စားလွန်း နေသလား၊ အချိုကဲတဲ့ အစားတွေ
များများ စားလို့ သွေးထဲ သကြားဓာတ် များနေသလား၊ အိပ်ရေး မ၀ဘူးလား စသဖြင့်
ပင်ပန်းစေနိုင်တဲ့ အကြောင်းရင်းတွေကို ရှာကြည့်ပါ။ စိတ်ဖိစီးမှု နဲ့ ပူပင်
စိုးရိမ်မှုတွေ ကြောင့်လည်း အားလျော့ စေနိုင်ပါတယ်။ ဖြစ်နိုင်ခြေ ရှိတဲ့
အကြောင်းရင်း တွေကို ဖော်ထုတ်နိုင်ဖို့ အတွက် ကိုယ်ရဲ့ စားသောက် နေထိုင်ပုံကို
ဂရုပြုမိဖို့ လိုပါတယ်။
၂။ သံဓာတ် လိုအပ်ပါတယ် အမျိုးသမီး အများစု ပင်ပန်းရခြင်း အကြောင်းရင်းက သံဓာတ်
ချိုတဲ့လို့ ပါပဲ။ ဓမ္မတာ ရာသီသွေး ဆင်းခြင်းကြောင့် သွေးထဲ အောက်ဆီဂျင်
သယ်ဆောင်ပေးတဲ့ ဟေမိုဂလိုဘင် ပရိုတင်း ပမာဏ လျော့နည်းတတ် ပါတယ်။ ဓမ္မတာ
ရာသီသွေးဆင်း များခြင်းကြောင့် ဖြူဖပ်ဖြူရော် ဖြစ်ခြင်း၊ အသက်ရှူ မ၀ခြင်း၊
လက်သည်း ခြေသည်း အရောင်ဖျော့ခြင်း၊ နုံးချည့်ခြင်းတို့ ဖြစ်တတ် ပါတယ်။
ဒါကြောင့် ကုန်ဆုံးသွားတဲ့ သံဓာတ်ကို ပြန်ဖြည့်တင်း ပေးဖို့ အတွက်
အမျိုးသမီးတိုင်း သံဓာတ် အားဖြည့်ဆေး သောက်ပေးသင့် ပါတယ်။ သံဓာတ် ကြွယ်ဝတဲ့
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ အနီရောင် အသားတို့ကို စားပေးသင့် ပါတယ်။
ဖောလစ်အက်စစ် နဲ့ ဗီတာမင်ဘီ ၁၂ ချို့တဲ့ရင်လည်း သွေးအားနည်းတတ် ပါတယ်။
၃။ အိပ်ရေးဝဖို့ အရေးကြီးပါတယ် ကျွန်မတို့ အများစုဟာ အိပ်ချိန် အလုံအလောက်
မအိပ်တတ်ကြ ပါဘူး။ တစ်ညကို အိပ်ချိန် ခုနစ်နာရီ မှ ရှစ်နာရီကြား ရှိပါက
ကျန်းမာရေး နဲ့ ညီညွတ် ပါတယ်။ တစ်ညကို ငါးနာရီ နဲ့ ခြောက်နာရီ သာ အိပ်ချိန်
ရှိသူတွေက တစ်ပတ်လုံးနဲ့ ယှဉ်ပါက နှစ်ညစာ လောက် အိပ်ချိန် လွတ်သွားတယ်လို့
ပြောနိုင်ပါတယ်။ တစ်ညကို သူများထက် အိပ်ချိန် နှစ်နာရီ လောက် လျော့ရင် တစ်ပတ်
ပြည့်တဲ့ အခါ အိပ်ချိန် ၁၄ နာရီ လျော့တာကြောင့် နှစ်ညစာ အိပ်ချိန်
လျော့တယ်လို့ ပြောရတာပဲ ဖြစ်ပါတယ်။ အိပ်မပျော်ရခြင်း အများစုက
စိတ်ဖိစီးမှုကြောင့် ပါ။ ဒါကြောင့် စိတ်ဖိစီးမှု တတ်နိုင်သမျှ လျှော့ပြီး
အိပ်ရေး ၀အောင် အိပ်ပါ။ အိပ်ရေးဝ မှ အားအင် ပြည့်မှာပါ။
၎။ ကာလရှည် မောပန်းပါက သတိထားပါ တစ်လကျော် ကြာတဲ့ အထိ အမြဲ ပင်ပန်းနေပါက
ဆရာဝန်ထံ ပြသ စစ်ဆေးခံသင့် ပါတယ်။ သွေးအားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊
ရောဂါပိုးဝင်ခြင်း တို့ကြောင့် ဖြစ်နိုင်တာမို့ အထူးသဖြင့် ကိုယ်အလေးချိန်
လျော့ကျခြင်း နဲ့ ရာသီသွေးဆင်းမှု များခြင်းစတဲ့ လက္ခဏာတို့ နဲ့ တွဲဖြစ်ပါက
ဆေးခန်းပြသင့် နေပါပြီ။ သွေးဆုံးတဲ့ အရွယ်ရှိ အမျိုးသမီးတွေလည်း ကာလရှည်
မောပန်း တတ်ကြ ပါတယ်။ အဲဒါတွေကြောင့် မဟုတ်ဘူး ဆိုရင် အိမ်နဲ့ အလုပ်မှာ
ဂက်စ်ထွက် ရှိနိုင်တဲ့ အရာတွေ တပ်ဆင်ထားလား သတိထား ကြည့်ပါ။
ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့တွေဟာ အောက်ဆီဂျင် ရရှိမှုကို လျော့နည်း
စေနိုင်သလို ကြာလာပါက အသက် အန္တရာယ်တောင် ရှိနေပါတယ်။
၅။ Coenzyme Q10 လိုပါတယ် ဓာတ်တိုး ဆန့်ကျင် ပစ္စည်း Coenzyme Q10 က ခန္ဓာကိုယ်
ဆဲလ်အတွင်း အားအင်လွှင့်ထုတ်ရာမှာ အရေးကြီးသလို နှလုံးရောဂါကိုလည်း ကာကွယ်ပေး
ပါတယ်။ အသက်ကြီး လာတာနဲ့ အမျှ Coenzyme Q10 လျော့နည်း တတ်လို့ ကြွယ်ဝတဲ့
အစာတွေ ဖြစ်တဲ့ ဆဲလ်မွန်ငါး၊ ငါးသေတ္တာ၊ အမဲသား၊ ဟင်းနုနယ် နဲ့ မြေပဲတွေ
စားပေးပါ။ Coenzyme Q10 ပါတဲ့ အားဆေး သောက်ပေးပါ။
၆။ စီရိုတိုနင် ပမာဏများအောင် လုပ်ပါ စီရိုတိုနင်ဆိုတာ ဦးနှောက် စိတ်ခံစားမှု
ကောင်းစေနိုင်တဲ့ ဓာတ်တစ်ခုပါ။ 5HTP (5hydroxytryptophan)အားဆေးက ခန္ဓာကိုယ်ကနေ
စီရိုတိုနင်ဓာတ် ထွက်ရှိ စေတာကြောင့် စိတ်ပျော်ရွှင် စေကာ စိတ်ဓာတ်ကျမှုကို
လျော့နည်းစေ ပါတယ်။ ဒါ့အပြင် အိပ်ကောင်းခြင်း အိပ်ပျော်စေကာ အိပ်ရေး ၀စေနိုင်
ပါတယ်။
၇။ ခန္ဓာကိုယ်ရဲ့ သဘာဝ စည်းချက်ကြောင့် လည်း ဖြစ်နိုင်ပါတယ် ရုံးမှာ ကျတော့
မတရား ပင်ပန်းပြီး အိမ်ရောက်လို့ ရှိရင် အားအင် ပြည့်ဝနေတာမျိုး ကြုံဖူးကြ
မှာပါ။ အကြောင်းပြချက် တစ်ခု ကတော့ ခန္ဓာကိုယ်ရဲ့ သဘာဝ စည်းချက် ကြောင့်ပါ။
သုတေသန ပညာရှင်တို့ရဲ့ လေ့လာချက် အရ ခန္ဓာကိုယ် ဇီဝ နာရီဟာ နေ့လယ် နှစ်နာရီ
ဝန်းကျင်လောက်မှာ ခန္ဓာကိုယ်ကို အားလျော့ စေတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်
အပူချိန်ဟာ ထမင်းစားပြီး နောက် လျော့ကျတတ် သလို ညဘက် ၇နာရီလောက် မှာလည်း
လျော့ကျတတ် ပါတယ်။ ခန္ဓာကိုယ် အပူချိန် လျော့ကျခြင်းက မယ်လတိုနင် ဟော်မုန်းကို
ထွက်ရှိစေ ပါတယ်။ အဲဒီ ဟော်မုန်းက ဦးနှောက်ကို အိပ်ချိန်နား နီးပြီ
ဖြစ်ကြောင်း သတင်း ပေးပို့ ပါတယ်။
၈။ သိုင်းရွိုက် ရောဂါ ရှိလား ရှာကြည့်ပါ သိုင်းရွိုက် ဂလင်းတွေဟာ
ခန္ဓာကိုယ်ကနေ အားအင်တွေကို ဘယ်လောက် မြန်မြန် လောင်ကျွမ်း စေပြီး ပရိုတင်းတွေ
ဖြစ်စေနိုင်သလဲ ဆိုတာကို ထိန်းချုပ်ပေး ပါတယ်။ အလုပ် သိပ် မလုပ်နိုင်တဲ့
သိုင်းရွိုက်ဂလင်း အခြေအနေ (Hypothyroidism) ဖြစ်ပါက လူကို ပင်ပန်းစေ သလို
ခန္ဓာကိုယ် အလေးချိန်ကိုလည်း တိုးစေပါတယ်။ ဒါ့အပြင် အသားအရေ ခြောက်သွေ့ကာ
အအေးဒဏ်ကို မခံနိုင် ဖြစ်တတ် ပါတယ်။ ဒီရောဂါ ဖြစ်ပါက အရေးကြီးတာကြောင့်
ဆရာဝန်နဲ့ ပြသသင့် ပါတယ်။ အချိန်မီ မကုသပါက ပိုပြီး မောပန်းစေကာ အသံ
အောလာခြင်း၊ မျက်နှာ ပုံပြောင်းလာခြင်း မျက်ခုံးမွေး နဲ့ မျက်တောင်ကျွတ်ခြင်း
ကိုလည်း ဖြစ်တတ် ပါတယ်။
၉။ ကဖင်းဓာတ်က လန်းဆန်း စေနိုင်ပါတယ် ကဖင်းဓာတ် ပါရှိတဲ့ ကော်ဖီ၊
လက်ဖက်ရည်တို့ဟာ ခဏတာ သာ အားပြည့် လန်းဆန်း စေနိုင်ပေမယ့် နောက် ခဏအကြာမှာ
အားပြန်လျော့ သွားစေခြင်းကြောင့် သိပ် အများကြီး မသောက်သင့်ဘူး လို့ ဆိုပါတယ်။
ဒါပေမဲ့ တစ်နေ့ကို တစ်ခွက် ကနေ သုံးခွက်အထိ သောက်ပေးလို့ ရပါတယ်။ အဲဒီထက်
များသွားရင်သာ မကောင်းတာပါ။ ကဖင်းဓာတ် သောက်တာ များလွန်းပါက အသွက်လွန်ခြင်း၊
ခြေချောင်း လက်ချောင်း တုန်ခြင်း၊ ကယောင်ချောက်ချား ဖြစ်ခြင်းတို့
ဖြစ်တတ်ပါတယ်။ ဗီတာမင်ဘီကိုပါ လျော့နည်း စေကာ ပင်ပန်းခြင်း၊ ကာလရှည်ကြာ
အားလျော့ခြင်းတို့လည်း ဖြစ်တတ်ပါတယ်။
၁၀။ သဘာဝ ဆေးမြစ်တွေရဲ့ အစွမ်းကိုလည်း မေ့မထားပါနဲ့ ရွှေရောင် အမြစ်လို့ ခေါ်တဲ့
Rhodiola သဘာဝ ဆေးဖက်ဝင် အမြစ်ဟာ အားအင် ပြည့်ဖြိုး လန်းဆန်း စေကာ အာရုံ
စူးစိုက်မှု အားကောင်းပြီး နွမ်းနယ်မှုကို ပပျောက်စေ ပါတယ်။ ဒါပေမဲ့ ကာလရှည်
သုံးစွဲလို့တော့ မသင့်တော်ပါဘူး။ ကယောင်ချောက်ချား ဖြစ်စေနိုင်တာ ကြောင့်ပါ။
၁၁။ အိပ်စက်ခြင်း ပြဿနာကြောင့်လည်း ဖြစ်နိုင်ပါတယ် အိပ်စက်ခြင်း ပြဿနာ တစ်ခု
ဖြစ်တဲ့ အိပ်နေရင်း မကြာခဏ အသက်ရှူ ရပ်တတ်တဲ့ ရောဂါကြောင့်လည်း ပင်ပန်းတတ်
ပါတယ်။ အဲလို အသက်ရှူ ရပ်သွားတိုင်း နိုးလာတတ် ပေမယ့် သင့်ကိုယ်သင်တော့ သတိ
မထားမိပါဘူး။ သင့်မှာများ အဲလို ဖြစ်နေသလား၊ သံသယ ရှိနေရင် ဒါမှမဟုတ် သင့်
အိမ်ထောင်ဖက်က သတိထားမိ နေရင် ဆေးခန်း ပြသင့် ပါတယ်။
၁၂။ ကိုယ်လက်လှုပ်ရှား များများလုပ်ပါ အားအင် ပြည့်ဖြိုး စွမ်းအင် တိုးစေနိုင်
ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုခြင်းဖြင့် အသက်ကို ပိုပြီး ပြင်းပြင်းရှူ
လာသလို ခန္ဓာကိုယ်ထဲ အောက်ဆီဂျင် များများ ရောက်ကာ သွေးလည်ပတ်မှူ ကောင်းစေတာ
ကြောင့်ပါ။ ဒါကြောင့် မနက်စောစော အိမ်ပြင် ထွက်ကာ လေကောင်းလေသန့် ရှူရင်း
လေ့ကျင့်ခန်း လုပ်ပေးပါ။
၁၃။ ကာဗိုဟိုက်ဒရိတ် အကြောင်း သိဖို့လည်း လိုပါတယ် ကာဗိုဟိုက်ဒရိတ်က အားများ
စေနိုင်ပေမယ့် အမြန်ထွက်တဲ့ High GI အမျိုးအစားနဲ့ အနှေးထွက်တဲ့ Low GI
အမျိုးအစား ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အမြန် ထွက်တဲ့ ကာဗိုဟိုက်ဒရိတ်က
သကြားနဲ့ အမြှုပ်ပါတဲ့၊ ဂက်စ်ပါတဲ့ အချိုရည်တွေမှာ တွေ့ရပြီး အဲဒီ
အစားအသောက်တွေ စားသောက်ပြီး ခါစ တစ်ခဏမှာ လန်းဆန်း တက်ကြွကာ နောက် ခဏနေ
ပင်ပန်း သွားတတ် ပါတယ်။ ဒါပေမဲ့ အနှေးထွက်တဲ့ ကာဗိုဟိုက်ဒရိတ် ကတော့
ကောက်ပဲသီးနှံ၊ ပဲအမျိုးမျိုး နဲ့ စေးကပ်တဲ့ ဟင်းသီးဟင်းရွက်တွေ မှာ တွေ့ရကာ
အားအင် အမြဲ ပြည့်စေပါတယ်။ ဂျင်ဆင်း ဆေးမြစ်ကလည်း စိတ်ဖိစီးမှုကို သက်သာကာ
အားပြည့်စေ ပါတယ်။
၁၄။ နေ့လယ်မှာ အိပ်မငိုက်ပါနဲ့ နေ့လယ်နေ့ခင်း ပင်ပန်းလို့ တစ်ရေးတမော မှေးတာက
အားပြည့်စေ ပေမယ့် အဲလို ခဏ အိပ်လိုက်လို့ ညဘက် အိပ်မပျော် ဖြစ်ရင်တော့
မကောင်းပါဘူး။ ဒါကြောင့် နေ့လယ်မှာ အိပ်မငိုက်အောင် နေ့လယ်စာ ထဲမှာ
အမြန်ထွက်တဲ့ ကာဗိုဟိုက်ဒရိတ် High GI စာတွေနဲ့ အယ်လ်ကိုဟောကို ရှောင်ပါ။
အိပ်ချင်စိတ် ပေါက်လာရင် ဟိုနားဒီနား လမ်းထ လျှောက်လိုက်ပါ။ ဒါမှမဟုတ် စားပွဲ
ရှင်းလိုက်ပါ။ ပြီးတော့ ညဘက်မှာလည်း အချိန်မှန် အိပ်ကာ အချိန်မှန် ထပါ။
အိပ်ခါနီး စိတ်ဖိစီးမှု များစေမယ့် ကိစ္စတွေ မတွေးပါနဲ့။
၁၅။ အားအင် ပြည့်ဝစေမယ့် နည်းတချို့ * လမ်း အမြန်လျှောက်ပါ။ အလုပ် လုပ်ရင်း
အိပ်ငိုက်နေပါ သလား။ အောက်ပါ တို့ကို လုပ်ကြည့်ပါ။ ကိုယ်လက်လှုပ်ရှား
လိုက်ခြင်းဖြင့် ပင်ပန်းမှု ပျောက်ကာ လန်းဆန်း လာပါ လိမ့်မယ်။ * ရေသောက်
လိုက်ပါ။ ရေအေးအေးလေး တစ်ခွက် သောက်ရင် လန်းဆန်းသလို လက်ဖက်စိမ်း ရေနွေးကြမ်း
သောက်လိုက်ရင်လည်း စိတ် ကြည်လင် သွားပါ လိမ့်မယ်။
* ပြတင်းပေါက် ဖွင့်လိုက်ပါ။ လေကောင်းလေသန့် ရှူလိုက်ခြင်းဖြင့် လန်းဆန်း
တက်ကြွ လာပါ လိမ့်မယ်။
* သံပရာ ရနံ့ကို ရှူရှိုက်ခြင်း ကလည်း စိတ်ကြည်လင် လန်းဆန်း စေနိုင် ပါတယ်။
* ဗီတာမင် B12 အားဆေး သုံးဆောင်ပါ။ ကျန်းမာရေး အတွက် ကောင်းသလို ပင်ပန်း
နွမ်းလျခြင်းကိုလည်း ပျောက်စေ ပါတယ်။          *
Posted by Kar Yan Lin Htet
၂၀၁၁ရဲ့ အကောင်းဆုံးဘောလုံးအားကစားသမားများ
#10 – Fernando Torres
#9 – Frank Lampard
#8 – Andres Iniesta
#7 – Xavi Hernandez
#6 - KAKA
#5 – Samuel Eto’o
#4 – Steven Gerrard
#3 – Zlatan Ibrahimovic
#2 – Cristiano Ronaldo
#1 – Lionel Messi
Monday 16 January 2012
မှန်ကန်သော သတင်းအချက်အလက်ကို နားထောင်ပါ
သင့်သည် မှားယွင်းသော သတင်း အချက် အလက်များ ရလာလျှင် ဆက်ကပ် အပ်နှံသော ခရစ်ယာန် ဖြစ်နေ ပါကလည်း မှားယွင်းသော ဆုံးဖြတ်ချက် များကို ချပေတော့မည်။
သင်သည် ရန်ကုန်မြို့သို့ သွားနေစဉ် လမ်းညွှန်ချက် တောင်းသော အခါ အခြားမြို့သို့ ရောက်ရှိစေမည့် သတင်း အချက် အလက်ကို ရရှိပါက သင် တစ်နေရာတွင် မှားယွင်း သွားပေပြီ။  တကယ်တော့ သင့်ကို လမ်းညွှန် လိုက်သူသည် စဉ်းစား တတ်၍ စေတနာ ကောင်းပြီး အမှန် တကယ် ကူညီလိုသောသူ တစ်ဦး ဖြစ်နိုင်ပါသည်။  ကျွန်ုပ်တို့သည် စေတနာ ကောင်းသော်လည်း နှုတ်ကပတ်တော်၌ တည်ကြည်သော သူများ (သို့) စိတ်နှလုံးကို အသစ်ပြုပြင် ခြင်း မရှိသေးသော သူများထံမှ မှားယွင်းသော သတင်း အချက်အလက် များကို ရရှိခဲ့ ကြသည်။ ထို အခြေအနေမျိုးတွင် မေးမြန်း ရမည့် မေးခွန်းမှာ "ထိုသူက အမှား လုပ်သလော" ဟူသော မေးခွန်း မဟုတ်ဘဲ "သင်ရရှိသော သတင်း အချက် အလက်သည် နှုတ်ကပတ် တော်နှင့် ကိုက် ညီပါရဲ့လား" ဟူ၍ ဖြစ်သည်။
ခိုင်မာစွာ အမြစ် စွဲနေသော ရိုးရာ အတွေး အခေါ် များနှင့် သြဝါဒ များသည် ကောင်းသလို ထင်ရ သော်လည်း နှုတ်ကပတ်တော် အလင်းတွင် မရပ်တည် နိုင်ချေ။ ဘုရားသခင်သည် သင့် အသိစိတ်ကို နှုတ်ကပတ် တော်နှင့် အမြစ်စွဲ စေလိုပြီး ဘုရား သခင်၏ အကြံ အစည် စိတ်ကူး များအတိုင်း စိတ်ကူး စေလိုသည်။ ထိုအချိန်မျိုးတွင် သင်သည် မှန်သော ဆုံးဖြတ်ချက်များကို ချနိုင်ပြီး ဘုရားသခင်၏ တန်ခိုးတော် ဖြေလွှတ်သည် ကို တွေ့ရှိ ခံစား ရလိမ့်မည်။
ဥပမာ ဘုရားသခင်သည် သင့်ဝိညာဉ်အား သူလုပ် စေလိုသော အရာ တစ်ခုကို ပြောဆို သော်လည်း ကိုယ်တော် ပြောသော အရာသည် သင့်ပတ် ဝန်းကျင် အခြေအနေနှင့် ဆန့်ကျင် နေသလို ထင်ရသည်။ အာဗြဟံ လည်း ထို့အတိုင်း ဖြစ်ပျက်ခဲ့သည်။ ဘုရား သခင်က သူ့မှာ သားတစ်ယောက် ရလာမည်ဟု ပြောသည်။ ထိုအရာသည် သဘာဝ အားဖြင့် လုံးဝ အဓိပ္ပါယ် မရှိချေ။ သူ၏ ကိုယ် ခန္ဓာ အသွေး အသားက ဘာပြော နေသနည်း။ “သင်အို လွန်းနေပြီ။“ သူ့ဇနီး စာရာ သည်လည်း အိုနေပြီ။ ထို့အပြင် သူတို့သည် သားသမီး တစ်ခါမျှ အထွန်းကား ဖူးချေ။ သူ၏ အသိ ဉာဏ်က ဘာကို ပြောနေသနည်း။ “ဒါမဖြစ်နိုင်ဘူး။ အာဗြဟံ၊ သင် ကိုယ့်ကိုကိုယ် အရူး လုပ်မနေနဲ့၊ ဒီလို ရူးမိုက်တဲ့ အတွေး မျိုးကို မေ့ပစ် လိုက်ပါ။ သင်ဟာ အမှန်တရားကို ရင်ဆိုင် ရမယ်။  သင်မြင်တဲ့ အရာကို ငြင်းပယ်လို့ မရဘူး။ ဒါ အလုပ်ဖြစ်မှာ မဟုတ်ဘူး။" ဟူ၍ ပြောဆိုကောင်း ပြောဆို နိုင်ပါသည်။
မိမိ အသက်တာ ထဲတွင် ဇာတိ အသွေး အသား၏ ဆန္ဒနှင့် ခံစားမှု များက အားကြီး လွှမ်းမိုး နေပါလျှင် ၀ိညာဉ်က နှုတ်ခပတ်ကို ခံစားပြီး ကျွန်တော် တို့၏ စိတ်နှလုံးကို ပြန်လည် ပြောဆို တိုက်တွန်းသော အခါ ကျွန်တော် တို့သည် လျစ်လျှူ ရှုကာ ကျောခိုင်း အသက်ရှင် ကြမည် ဖြစ်သည်။ နှုတ်ခပတ်တော် ကို ၀ိညာဉ်ထဲက ခံစားပြီး တုန့်ပြန်ဘို့ ကြိုးစား လိုက်တိုင်း "မင်းရဲ့ ရူးမိုက်တဲ့ စိတ်ကူးတွေ အကြံညဏ် တွေကို စွန့်လွှတ် လိုက်ပါ" ဟူသော အသွေးထဲ အသားထဲက အသံတွေကို သင်ကိုယ်တိုင် အကြိမ် မည်မျှလောက် ကြားဘူးပြီးပါပြီလဲ။ ထိုအသံများကို ခံယူ နားထောင်လိုက်ပါက သဘာဝ ထက်လွန်ကဲသော အရာများကို လက်လွှတ် ဆုံးရှုံးသွားပါတော့မည်။ ထိုအရာများကို သင့်၏ အသက်တာထဲတွင် မခံစားရရန် သင်၏ အသွေး အသားများက အော်ဟစ် နေကြမည်သာ ဖြစ်သည်။
ကျွန်ုပ်တို့ အယောက်တိုင်း ထိုကဲ့သို့သော ခံစားမှုမျိုးကို တစ်ကြိမ်မဟုတ် တစ်ကြိမ် ရောက်ခံစား ဘူးကြပါလိမ့်မည်။  အဘယ် ကြောင့်နည်း။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့၏ အသိ ဉာဏ်နှင့် နားလည် သဘော ပေါက်ပုံများက ကျွန်တော်တို့ကို လွှမ်းမိုး၍ အုပ်စိုး သွားသော သောကြောင့် ဖြစ်သည်။ သင်၏ စိတ်နှင့် သင်၏ အခြေ အနေများက "ကာယပိုင်း (သို့) လူမှုရေးပိုင်း" တို့တွင် သဘော တူညီ ကြသဖြင့် သင့် ဝိညာဉ် ထဲ၌ ဘုရားသခင် တည့်ပေးသော အရာသည် အနည်းစု ဖြစ်သွားပြီး ပယ်ဖျက်ခံရသည်။ ယခုတွင် ကြောက်ရွံ့ခြင်းနှင့် ပြည့်ဝ ရမည့် အစား သင်၏ စိတ်သည် နှုတ်ကပတ် တော်အားဖြင့် အသစ် ပြုပြင်ခြင်း ကို ခံရသည်။ ထို့နောက် ဘာဖြစ်လာ သနည်း။ အစပြု ရလျှင် ဟေဗြဲ ၄း၁၂ တွင် ပြောထား သလိုပင် ဝိညာဉ်နှင့် စိတ်ကို ပိုင်းခြားရ လွယ်ကူ လာသည်။ ကွဲပြားသော သြဇာ လွှမ်းမိုးမှုများ ဘယ်ကလာသည်ကို သင်တွေ့ရှိ လာလိမ့်မည်။
              ဒုတိယ အနေဖြင့် သင်၏ အတွင်း လူသည် နှုတ်ကပတ် တော်ကို ပြောဆို လာသောအခါ သင်၏ စိတ်သည် ဘုရားသခင် ပြောမည့် အရာကို နားထောင် တတ်လာသည်။ ထို့နောက် ဆုံးဖြတ်ချက်ချရန် လိုအပ်သော အခြေ အနေနှင့် တွေ့ကြုံရ သောအခါ သင်သည် သင်၏ အခြေအနေ၊ စိတ်နှင့် ခံစားချက်များက ပြောဆိုသော အရာ ကိုသာ နားမထောင် တော့ပါ။ နှုတ်ကပတ်တော်က ပြောဆိုသော အရာကို ကြည့်၍ သင့် စိတ်နှလုံး သည် သင်၏ ဝိညာဉ်က ပြောသော အရာကို သဘောတူ လာကြောင်း တွေ့ရလိမ့်မည်။
              သင်၏ အတွင်းလူသည် လူများစုဖက်တွင် ပါဝင်၍ သင့်ကို အုပ်စိုးရန် လွတ်လပ်ခွင့် ရှိလာလိမ့်မည်။  အသက်ရှင်ခြင်း၊ တန်ခိုးနှင့် ဖွင့်ပြခြင်း ထွက်ပေါ်လာပြီး သင့်ပတ်လည် ကမ္ဘာ လောကတွင် သဘာဝထက် လွန်ကဲသော အရာ ထင်ရှား ပေါ်လွင်လာ လိမ့်မည်။ ဘုရား သခင်သည် သင့် အတွက် နိမိတ် လက္ခဏာ ပြုလုပ်ပေး လိမ့်မည်။ ဘုရား သခင်သည် သင့်အား ထိုအတိုင်း အသက်ရှင် စေလိုပြီး အတွင်းမှ အရာကို အပြင်သို့ လျှံထွက် စေရမည်။ သင်သည် အထဲမှာ ရှိသော အသက် ရှင်ခြင်းနှင့် ယုံကြည်ခြင်း အားဖြင့် ဘုရား သခင်၏ တန်ခိုးတော် အားဖြင့် အသက်ရှင်ပါက သင်၏ ပတ်ဝန်း ကျင်သို့ တန်ခိုးတော်တို့ ထိ၍ ပြောင်းလဲစေလိမ့်မည်။
                အာဗြဟံ အသက်တာ တွင်လည်း ထို့အတူဖြစ်သည်။ ရောမ ၄း၂၀-၂၁ ကပြောသည်မှာ “ယုံးမှားသော စိတ်နှင့်ကင်း၍ ဘုရားသခင်၏ ကတိတော်ကို တွေးတောခြင်းမရှိ၊ ယုံကြည်အား ကြီးသဖြင့် ဘုရားသခင်ကို ချီးမွမ်း၍ ကတိ ထားတော်မူသော သူသည် ကတိတော် အတိုင်း တတ်နိုင်တော် မူသည်ကို စိတ်စွဲလမ်း လေ၏။”
Adsens