Headline

Monday 14 November 2011

Firefox အမြန်ဆုံး ပွင့်လာအောင်

ဒီနည်းလေးတော့ ကျွန်တော်ကိုယ်တိုင်ကိုယ်တွေ့ပါဗျာ ။ တကယ်မြန်ပါတယ် .... နဂိုကဆို စောင့်နေရတာ Firefox ကို ဖွင့်ပြီးရင် အနည်းဆုံး နှစ်မိနစ်သုံးမိနစ်လောက်တောင်ဗျာ ။ စိတ်တော်တော်ပျက်တာ ။ ခုတော့ဗျာ ။ ငါးစကန့်လေးနဲ့တင် သုံးလို့ရနေပြီ ။ ဘယ်လောက်ကောင်းလိုက်တာလဲဗျာ ။ ကျွန်တော့်အတွက်လေ... ။ တကယ်လို့ စာဖတ်သူတို့များ အဲလိုဖြစ်ခဲ့သည်ရှိသော... ဒီနည်းလေးကို သတိရလိုက်ပါ ။ ခက်လည်း မခက်ပါဘူး ။ Gtalk Account ကို နှစ်ခုဖွင့်လို့ရအောင် လုပ်သလိုမျိုးပါပဲ Target မှာ စကားလုံးလေး ထည့်လိုက်ရုံတင် ။ စိတ်ဝင်စားတယ်ဆိုရင် လုပ်လိုက်ပါဗျာ ။ အာမခံတယ် တကယ်မြန်တယ် ။ ဒါကျွန်တော်ကိုယ်တိုင် လက်တွေ့မှာ မြန်နေလို့ ပြန်တင်ပေးလိုက်ပါဗျာ ။







      ပထမဆုံး မိမိတို့ရဲ့ Desktop ပေါ်က Mozilla ကို Right Clink  နဲ့ Properties ကို ရွေးလိုက်ပါဗျာ ။ အများ နားလည်လွယ်အောင် ပုံတွေနဲ့ တင်ပေးပါတယ် ။ စောစောစီးစီးပဲ ထရေးတာမို့ ဖိုတိုရှောပ်မဖွင့်ချင်သေးဘူးဗျာ ။ ကြေညာစာတွေ ဖြုတ်လိုက်တာပေါ့ ။ ကျွန်တော်တစ်ခုတောင်းဆိုပါရစေဗျာ ။ ကျွန်တော်စာတွေကို ကော်ပီချင်ရင် ကော်ပီလို့ရတယ်ဗျာ ။ ကျွန်တော့်နာမည်နဲ့ ဆိုဒ်လိပ်စာကိုတော့ ထည့်ပေးပါနော်...မဖြစ်ဘူးဆိုလည်း ဘာမှမဖြစ်ပါဘူးဗျာ ။





အောက်ဆုံးက ငနဲကို တွေ့တယ် မလား ။ အဲဒီကောင်ကိုပြောတာ ... နိပ်လိုက် သူ့ကို Box တစ်ခုတက်လာမယ်ဗျာ ။ အဲဒီမှာ Target ကို ကြည့်လိုက်ပါ ..Shortcut ကို အရင်တစ်ချက်နိပ်ပေးလိုက်ပါ ။



Target ကို တွေ့တယ် မလား ...အဲဒီမှာ exe'' ရဲ့  /prefetch:1 ကို ထည့်ပေးလိုက်ပါ ။






အပေါ်ကို ပုံက ထည့်လိုက်ပြီးဖြစ်တဲ့ပုံပါ ။ ပြီးရင် Apply >>> OK ပေါ့ ။ မြေခွေးလေးကို ဖွင့်ကြည့်လိုက်ပါ ။ မြန်လား မမြန်လားဆိုတာ.... ကျွန်တော်တော့ တကယ်ကြိုက်သွားပြီဗျာ ။ ဒီနည်းကိုလေ.........

1 comments:

Anonymous said...

Thank u so much. So Great

Post a Comment

Adsens