Headline

Monday 14 November 2011

Portable လုပ်ပစ်မယ်

ကျွန်တော်က ဒီနည်းကို အောင်မြင်ဖို့ တော်တော်လေးကို ကြိုးစားပမ်းစား လုပ်ခဲ့ရပါတယ်ဗျာ ။ ဘယ်လောက်ဆိုရင် .... ကျွန်တော်စမ်းတာ ဒေါင်းထားတဲ့ဆောပ်ဝဲလ်တွေတောင် ကုန်သွားတယ်ဗျာ ။ ရှိတော့ဘူး ။ ဆောပ်ဝဲလ်တွေနဲ့ လက်တွေ့စမ်းတာဗျာ ။ ဘာလဲဆိုတော့ ကြိုက်တဲ့ ဆောပ်ဝဲလ်ကို Portable လုပ်တာတဲ့ ။ Portable ဆိုရင်တော့ ကျွန်တော်စိတ်ဝင်စားတယ် ။ ဘာလို့ Run စရာမလိုတာကိုး ။ ကြိုက်တဲ့ဆောပ်ဝဲလ်ဆိုတော့ .... အဟဲ စိတ်မဝင်စားဘဲနေမလားခင်ဗျာ ။ ဒါကြောင့် နည်းတွေက တွေ့ထားတဲ့အတိုင်းမဟုတ်ဘဲနဲ့ကျွန်တော်ကိုယ်တိုင်စမ်းသပ်အောင်မြင်ချက်တွေကို
ပြန်လှည်ဝေငှလိုက်ပါတယ်ဗျာ။  ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်နိုင်ပါတယ်ဗျာ ။ မအောင်မြင်ရင်လည်း အားမငယ်နဲ့ စမ်းသာစမ်း ။ ကျွန်တော်တောင် မကော်ပီပဲနဲ့ စမ်းတာကိုး အကုန်လုံးကုန်သွားတယ် ။ တစ်ခုမရဖျက်လိုက် တစ်ခုထပ်ပြောင်း မရလိုက်နဲ့ ကုန်သွားတာပဲ ။ ဒါပေမယ့် အောင်မြင်လေး ရတော့ ကုန်ရကျိုးနပ်ပါတယ် ။ လိုအပ်တဲ့ဆောပ်ဝဲလ်တွေကို ပြန်ဒေါင်းနေရပြီခု :)


               ကြေညာတာလည်း နည်းနည်းများသွားတယ် ။ ခု ဒီနည်းကို သုံးချင်တယ်ဆိုရင်တော့... တစ်နည်းပြောရရင် ဆောပ်ဝဲလ်တွေကို Portable  လုပ်ချင်တယ်ဆိုရင်တော့ပေါ့ဗျာ ။
ပထမဆုံးပြောရရင် ... စက်ထဲမှာ WinR နဲ့   Universal Extractor အရင်ထည့်သွင်း Run ထားရမယ် ။Universal Extractor ကို ဒီမှာ ဒေါင်းလို့ရတယ် ။ မဟုတ်ရင်လည်း လိုက်ရှာလို့ရပါတယ် ။ မြန်မာဆိုဒ်တွေတော်တော်များများမှာ တင်ထားတာ တွေ့ရတယ် ။  ပြီးရင်တော့ လုပ်ငန်းစလို့ရပြီ ။ 



            စတာပေါ့ဗျာ။ ပထမဆုံး New folder တစ်ခု ယူလိုက်ပါ ။ ဘယ်နေရာပဲဖြစ်ဖြစ် ။ ပြီးရင် Portable လုပ်ချင်တဲ့ ဆောပ်ဝဲလ်ကို အဲဒီထဲကို ထည့်လိုက်ပါ ။ ကျန်တာတွေ ထပ်မထည့်ပါနဲ့ ။ exe file တစ်ခုတည်းပဲ ထည့်ပါ ။ ပြီးရင် ... အဲဒီဆောပ်ဝဲလ်ထည့်ထားတဲ့ Folder ကိုလည်း ဆောပ်ဝဲလ်နာမည်အလိုက်ပြောင်းပေးလိုက်ပါဗျာ ။ ဥပမာ ခု ကျွန်တော်က Gtalk ကို လုပ်ပြတာဆိုတော့ Googletalk လို့ ပြောင်းထားတယ် ။ မိမိလုပ်တဲ့ ဆောပ်ဝဲလ်နာမည်အလိုက်ပြောင်းပေးပါဗျာ ။ 
ပုံကို ကြည့်ပါ 
(ပုံကို ကောင်းကောင်းမမြင်ရပါက New tag ဖြင့် ဖွင့်ကြည့်ပါ ။ ကျွန်တော်ရဲ့ ဆိုဒ်စာမျက်နှာနဲ့ ကိုက်အောင် လုပ်ထားတာ မို့လို့ပါ ။ ။ )
ပြီးရင်တော့ exe file (portable လုပ်မယ့် ဆောပ်ဝဲလ်) ကို Right ကလင်ခ့်နဲ့ UniExtract Here ကို ရွေးပေးလိုက်ပါ ။ ခဏစောင့်ပေးလိုက်ပါ .... သူဖာသာသူ လုပ်နေလိမ့်မယ် ..... ပြီးတဲ့အထိစောင့်ပေးလိုက် ။ 

              ပြီးရင်တော့ စောစောက exe file အပြင် နောက်ထပ် အပိုဖိုင်တွေ ရောက်လာလိမ့်မယ် ။ ပြီးရင် အဲဒီ exe file အပြင် အပိုရောက်လာတဲ့ ကောင်တွေကိုပါ ။ Select all လုပ်ပြီး တစ်ခုခုပေါ်ကို ထောက်ပြီး Right နဲ့ Add to archive ကို ရွေးပေးလိုက်ပါ ။ ဒါတော့ WinR သုံးသူများ သိပြီးသားပါနော် ။ 


          ပြီးရင်တော့ WinR နဲ့ လုပ်တဲ့နေရာမှာ တစ်ခါတည်း မအိုခေနဲ့ဦး... နည်းနည်းပြင်စရာရှိသေးတယ်ဗျာ ။ ဘာတွေပြင်ရမလဲဆိုတော့......General က Create SFX archive ကို အစက်ဖြည့်ပေးလိုက်ပါ ။ ကျန်သေးတယ်နော်  .........
( အစက်ကို ဖြည့်လိုက် ဖြုတ်လိုက် လုပ်ကြည့်ပါ ။ ဘာထူးလဲကို အောက်မှာ ပြောပြ ။ )


နောက်တစ်ခုက....General ပြီးရင် Advanced က SFX options ကို ဆက်ရွေးပေးလိုက်ပါ ။  ပြီးရင်း ရွေးစရာရှိပါသေးတယ် ။


ခု SFX options မှာ ရွေးရမှာတော့... General က Create in Program Files ကို အစက်ထည့်ပေးလိုက်ပါ ။ ပြီးရင် အောက်က Run after extraction မှာ မိမိဆောပ်ဝဲလ်နာမည်ကို ထည့်ပေးလိုက်ပါ ။ သိပ်အရေးပါပုံမထင် :)  ထည့်ရွေးပေးဦးမယ် နည်းနည်းပဲကျန်တယ်.....


Advavced ကို ကျော်ပြီး Modes က Unpack to temporary folder ကို အစက်ဖြည့်ပေးလိုက်ပါ ။ Silent mode က Hide all ကို အစက်ပြောင်းပေးလိုက်ပါ ။ နောက်ဆုံးတစ်ခုပဲကျန်မယ်....

Update က တစ်ခုတည်းပဲဗျာ ။ တစ်ချို့က ဒါက မရေးထားဘူး ။ လုပ်စရာလည်း မလိုတဲ့ သဘောပေါ့ ။ ဒါပေမယ့် စုံအောင်... လုပ်ပေးတာပေါ့ ။ Skip existing files ကို အစက်ပြောင်းပေးပြီးတော့ အစက်ဖြည့်လိုက်ပြီး OK လိုက်ပါ ။ ပြီးရင်လည်း ပထမဆုံး Box ကို ထပ်ပြီးတော့ OK လိုက်ပါ ။ ပြီးရင် ခဏလေးစောင့်ပေးလိုက်ပါ ။ Portable ကို လုပ်နေပါသဖြင့်.....


ပြီးရင်တော့ Gtalk Portable က ရောက်ရှိနေမှာ ဖြစ်ပါတယ် ။ Run စရာမလိုဘူး ။ အသင့်သုံးရုံတာ ရဲလ်ဒီမိတ်ပေါ့ :)   ခု စာရေးတာပြီးပြီဆိုတော့ နည်းနည်းလောက်ကြေညာ ဝင်ဦးမယ်နော်......:)
ကျွန်တော်အခု Gtalk Chatroom တစ်ခုလုပ်ထားတယ် ။ ဘယ်သူမှလဲ မသုံးဘူး.... အားငယ်လိုက်တား( (ဂဏန်းကြည့်ကြည့်တာ ) ။ သုံးပေးကြပါဦးလို့ ဖိတ်ခေါ်ပါတယ်ဗျာ ။ ကျွန်တော်လည်း ရှိနေမှာပါ ။ အဲဒီမှာ စုပေါင်းပြီး မဟုတ်တာတွေ အတင်း အဲ... နည်းပညာတွေ ဆွေးနွေးမေးမြန်းကြတာပေါ့နော်

0 comments:

Post a Comment

Adsens