ကိုယ့်စိတ်ကို ကိုယ့်ဟာကိုမြှင့်တင်ရင်း ငါစိတ်တွေမိုးပေါကိုရောက်
အောက်ခြေတွေလွတ် ဘဝင်တွေမြှင့်နေခဲ့တယ်
လောဘတွေအထပ်ထပ်နဲ့ သူမပါတဲ့ဒီခရီးလမ်း ဘာကြောင့်မို့မှောင်မဲရလဲ...
ဒေါသတွေအရစ်ရစ်နဲ့ သူ့မပြတဲ့ဒီအနာဂတ်လမ်း ရှေ့တစ်လှမ်းလှမ်းတိုင်း
နောက်နှစ်လှမ်းဆုပ်မိသားဖြစ်နေတယ်
သူမပါတဲ့အောင်မြင်းမူမှာ
ပူလောင်တဲ့ပျောရွင်ခြင်းကို ရင်ခွင်မှာပိုက်ထွေးထားရင်း
ငါ့ကိုငါလူထင်ခဲ့မိတယ်
တစ်ပိုင်းတစ်စ ကောက်ရိုးမီးကို ကြီးမားတဲ့ အလင်းရောင်ထင်ပြီး သူနဲ့ဝေးရာ ငါထွက်သွားခဲ့တယ်
သူပေးတဲ့ စည်းစိမ်တွေနဲ့ သူမကြိုက်တာကုန်လုပ်ရင်း
မှန်ကန်တဲ့လမ်းပြမူကို မယုံသကာင်္ ငါလှည့်ပြေးခဲ့ကာ
သန့်ရှင်းတဲ့ ကမ်းလင့်လက်ကို မိုက်ရိုင်းစွာပုတ်ချခဲ့တယ်
ဒီလိုနဲ့ သူမပါတဲ့တောက်ပြောင်မူ ဘယ်လောက်ကြာ လှပမှာမို့လဲ...
မီးညှပ်နဲ့အနှိီးမပါ အိုးပူမှသိ ဆုတောင်းသံနဲ့ကျမ်းချက်မပါ ဆုံးရူံးမူတွေစားသုံးမိမှသိ
ကျရူံးမူတွေအဝုန်းဝုန်းနဲ့ အားလုံးရဲ့အောက်ငါရောက်သွားခဲ့တယ်
အကြိမ်ကြိမ်လမ်းပြခဲ့တဲ့ သူ့ကိုငါ မဝံမရဲ တစ်ချက်တော့ခိုးကြည့်မိတယ်
သူ့အပြုံးတွေငါမခံနှိင်လို့
သူ့အဝေးဆုံးကိုငါပြေးထွက်တော့
လမ်းမှာတင်ငါခွေယိုင်လဲ ကယ်မဲ့သူဘယ်မှာများလဲ
နွေးထွေးတဲ့လက်တစ်စုံနဲ့ ငါ့ကိုသူပိုက်ထွေးထားရင်း
ငါ့ရင်ကိုစုတ်ပြတ်စေတဲ့ စကားတစ်ခွန်းသူဆိုလိုက်တယ်
" ငါ့သားထလော့"
0 comments:
Post a Comment