Headline

Monday 17 October 2011

ကာလအချိန်ရောက်လုပြီ


ချစ်စွာသောညီကိုမောင်နှမများ......

        ယခုနေ့ရက်ကာလသည် ခဲယာဉ်းဆိုးယုတ်၍ နောက်ဆုံးသောကာလအချိန်ရာက်နေပြီဖြစ်ကြောင်းကို သတိပြုဆင်ခြင်စေ လိုပါသည်။လူတို့သည် သစ္စာမရှိ၊မေတ္တာခေါင်းပါးသောကာလ ဖြစ်နေပါ သည်။မိတ်ဆွေ သတိပြုမိပါရဲ့လား။.........
ယေရှုက- (မဿဲ ၂၄း၁၂ တွင် မတရားသောအမှု့တို့သည်များပြားသဖြင့် အများသောသူတို့ ၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်... ဟုဆိုထားပါသည်။ယနေ့လောကကြီးထဲတွင် မတရားသော အမှု့ ပြုသောသူများ တစ်နေ့ထက်တစ်နေ့တိုးပွားလာသည်ကို သတင်းမီဒီယာများမှဖတ်ရှုရခြင်း၊ လက်တွေ့မြင် နေကြား နေကြရပါပြီ။ထိုမတရားသောအမှု့ကိုပြုနေသောသူအများစုမှာ မိမိကိုယ်ကို ခရစ် ယာန်ဟုခေါ်ဆိုသော ခရစ်ဟန်များဖြစ်ကြသည်။ထို့အထဲတွင် ယုံကြည်သူများပင်ပါဝင်နေသည်ကို ၀မ်းနည်းဖွယ်တွေ့ရှိရပါသည်။ အများသောသူများမှာ မေတ္တာတရားခေါင်းပါးလာခဲ့ကြသည်။ သူတ ပါးကောင်းစားနေသည်ကိုမြင်၍ မနာလိုဖြစ် လာကြသည်။ပြိုင်ဆိုင်လိုကြသည်။ထိုအရာများကြီးထွားလာသောအခါ လူသတ်ဖို့ပင် ၀န်မလေးကြ တော့ပါ။အရှက်သိက္ခါတရားဆိုတာမရှိကြတော့သော ကာလဆိုးကြီးရောက်နေပြီ
မိတ်ဆွေ....
         (မဿဲ ၂၄း၇-၈ -တွင် လူတစ်မျိုးနှင့်တစ်မျိုး၊နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဖက်ပြုကြ လိမ့်မည်။အရပ်ရပ်တို့၌အစာခေါင်းပါးခြင်း၊ကာလနာများပြားခြင်း၊မြေကြီးလှုပ်ခြင်းတို့သည်ဖြစ်ကြ လိမ့်မည်။ ထိုအမှု့အရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။)
     ယနေ့ကြည့်ပါ တစ်နိုင်ငံနှင့်တစ်နိုင်ငံစစ်ဖြစ်နေကြပြီ။ပြည်တွင်းစစ်က နိုင်ငံတိုင်းလိုလိုတွင်ဖြစ် လာနေပြီ။ကမ္ဘာက အငြိမ်းချမ်းဆုံးနိုင်ငံဟုသတ်မှတ်ထားသည့် နိုင်ငံ၌ပင် လုံးဝမထင်ထားသည့် အဆိုးဆုံး တိုက်ခိုက် မှု့ဖြစ်လာပါသည်။... အစာခေါင်းပါးခြင်းလည်းဖြစ်လာပြီ။ကမ္ဘာကို ဦးဆောင်နေသည့် အမေရိကန် နိုင်ငံ၏စီးပွားရေးဟာ တစ်ဟုန်ထိုး ကျဆင်းလာလို့ ဆင်းရဲသားလူဦးရေ ပိုများလာသည်ဟု ဖော်ပြ နေကြသည်။အစားအစာ ထောက်ပံ့မှု့ကိုတောင်းခံရန် စောင့်ဆိုင်းနေသူတွေထောင် နှင့်ချီရှိနေသည်။ ဤဖြစ်ရပ်သည် အမေရိကန်နိုင်ငံတွင် နှစ် ၅၀ အတွင်းအဆိုးရွားဆုံး ဟုဆိုနေကြသည်။ကမ္ဘာ့စီးပွားရေး ပို၍ဆုတ်ယုတ်လာပြီမဟုတ်လော။......
     ကာလနာများပြားခြင်း။ ။ လူတွေစိုးရိမ်ကြောက်ရွံ့နေကြသော တီဗီ၊ကင်ဆာ၊AIDS များတို့ထက်ပင် ကြောက်မက်ကောင်းသော ရောဂါဆိုးကြီးများ၊ပိုများလာပါပြီ။မြေငလျင်လှုပ်ခြင်း ၊ရေကြီး ခြင်းများမှာ နေရာတိုင်းလိုလိုဖြစ်နေပြီ။

ခရစ်တော်ပြောခဲ့သော ပြန်လည်ကြွရောက်ချိန်သည်အမှန်ပင်နီးကပ်လာပြီဖြစ်သည်။ထို့ကြောင့် (၂ပေ- 3း11-12 သန့်ရှင်းသောအကျင့်ကျင့်ခြင်း၊ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့် အဘယ်သို့  သောသူဖြစ်အပ်ကြသနည်း)။
မဿဲ ၂၄း၁၃ - အကြင်သူသည်အဆုံးတိုင်အောင်တည်ကြည်၏။ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။) ဤကယ်တင်ခြင်းသည် ၀ိညာဉ်ကယ်တင်ခြင်းကိုမဆိုလိုပါ။ခန္ဓာကိုယ် ကယ်တင်ခြင်းကိုဆိုလိုခြင်းဖြစ်ပါသည်။ခရစ်တော်ကို ကယ်တင်ရှင်သခင်အဖြစ်လက်ခံပြီးသော ယုံကြည်သူများသည် ဤနောက်ဆုံးသောအချိန်ကာလ၌ ဖောက်ပြန်ခြင်းမရှိဘဲ သစ္စာ နှင့်တည်ကြည်ခိုင်မြဲခြင်းရှိပါက လောကဒုက္ခထဲမှလည်းကယ်လွှတ်မည်ဖြစ်ကြောင်း ကတိပေးပါသည်။ဆက်ဖတ်ရန်- ဆာလံ ၃၄း၇-၁၀)။
ချစ်သောမိတ်ဆွေ..... လောကအရာတို့သည် တစ်နေ့ကွယ်ပျောက်သွားမည့်အရာများသာဖြစ်ပါသည်။ ဘုရားဝတ်၌မွေ့လျော်လက် ခရစ်တော်အလာကို သစ္စာရှိစွာစောင့်မျှော်ကြပါစို့.....
ခဲယာဉ်းသောကာလဖြစ်လိမ့်မည် (၂တိ၊ ၃း၁-၅)

နောက်ဆုံးသောကာလ၌ဖြစ်ပျက်လာမည့်အကြောင်းအရာများ ခရစ်တော်ပြောခဲ့သည့် အကြောင်းများကိုဖော်ပြခဲ့ပြီးဖြစ် သည်။တမန်တော်ကြီး ရှင်ပေါလုက တိမောတေအားလည်း ဤသို့မှာထားခဲ့သည်..........

(နောင်ကာလသည် ခဲယာဉ်းသောကာလဖြစ်လိမ့်မည်ဟု သိမှတ်ကြလော့။အဘယ်သို့နည်းဟူမူကား၊ ကိုယ့်ကိုယ်ကို ချစ် သောသူ၊ငွေကိုတပ်မက်သောသူ၊၀ါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊သန့်ရှင်းခြင်းမရှိသောသူ၊ပကတိကြင်နာ စုံမက်ခြင်းနှင့်ကင်းမဲ့သောသူ၊ ကိုယ့်က္ကုနြေ္ဒကိုမချုပ်တည်းနိုင်သောသူ၊ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊သတိပေးခြင်းကိုမခံယူသောသူ၊ မာန်မာနနှင့်ယဇ်မူးသောသူ၊ဘုရားသခင်ကိုနှစ်သက်သည် ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကို ငြင်း ပယ်သောသူ၊ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကိုရှောင်လော့ ဟုမိန့်ကြားခဲ့လေသည်။ ၂တိ၊ ၃း၁-၅)

အထက်ပါ ကျမ်းချက်ကိုနောက်ထပ်ချဲ့ပြီးအနက်ဖွင့်ရန်မလိုတော့ပါ။ရှင်းလင်းနေပါသည်။ထိုကဲ့သို့ခဲယာဉ်းသောကာလကို ကျွန်ပ်တို့ဖြတ်သန်းနေကြသည်။ ချစ်စွာသော မိတ်ဆွေ....သင်၏အသက်တာကိုဆန်းစစ်ပြီး သတိနှင့်နေ့စဉ်လျှောက်လှမ်း ကြပါစို့.။

(ယခုနေ့ရက်ကာလတို့သည် ခဲယာဉ်းဆိုးယုတ်သောကြောင့် ကာလအချိန်ကိုရွေးနှုတ်ကြလော့။... ကာလအချိန်ရောက်လု နီးပြီဖြစ်သဖြင့် သာ၍ကြိုးစားကြလော့။)

0 comments:

Post a Comment

Adsens