Headline

Friday 28 October 2011

ဘုရားသခင်၏ လင်းယုန်ခရစ်ယာန်များ (၂)

အချက် (၂)
လင်းယုန်မိသားစုတစ်ခုတွင် လင်းယုန်ငှက်မကြီးသည် လင်းယုန်အထီးထက် ပိုမို ခွန်အားကြီးလေ့ရှိပါသည်။ သူတို့သည် သေသည်အထိ မခွဲမခွာ ကြင်ဖော်ကြင်ဖက်များအဖြစ်သတ်မှတ်ပေါင်းဖော်ကြပါသည်။ လင်းယုန်မောင်နှံသည် သူတို့၏ ဥကလေးများ အပေါ်တွင် အတူတကွ ထိုင်လျက်နေကြပါသည်။ အသိုက်ကို လုံခြုံမှုရှိရန် အတူတကွ စောင့်ရှောက်သည် သာမက ကလေးများကို လေ့ကျင့် ပျိုးထောင်ခြင်း၊ အစာကျွေးခြင်း တို့ကိုလည်း အတူတကွ လုပ်ဆောင်ကြပါသည်။ သူတို့၏ မိသားစု ဘ၀ကို တာဝန်ယူမှုအပြည့်ဖြင့် မိဘနှစ်ကောင်စလုံးမှ အတူတကွ လုပ်ဆောင်ကြပါသည်။ ဘုရားသခင်သည် ကျွန်တော်တို့ကို လင်းယုန်တို့ထက် လျော့နည်းကာ မျှော်လင့်ထားမည်ဟု သင်ထင်ပါသလား။ ကျွန်တော်ကတော့ ထိုသို့မထင်ပါ။

အသစ်မွေးဖွားသော လင်းယုန်ငယ်ကလေးတစ်ကောင်သည် ယုံကြည်ခြင်း ရှိလာသူ ခရစ်ယာန် အသစ်တစ်ဦး နှင့်တူညီသည်။ မွေးဖွားလာသော လင်းယုန်းငှက်သည် မျက်စိနှင့် ပါစပ် (နှုတ်သီး) တို့ကို ကျယ်ကျယ် ဖွင့် သည်။ ထိုငှက်ငယ်လေးသည် ရသလောက် အစားအစာကို မတင်းတိမ် မရောင့် ရဲနိုင်သောကြောင့် ဘခင် လင်းယုန်ကြီးမှာ အလွန် အလုပ်များ ပေလိမ့်မည်။ ထိုလင်းယုန်ငှက် ပေါက်ကလေးသည် မည်သည့်အချိန်တွင် ပါစပ်ဟရမည်ကို အလိုလိုသိနေပြီး ဖြစ်သည်။ မိခင်ဖခင်တို့သည် ကောင်းသောအရာများကို ရရှိနိုင်ရန် ဖြည့်ဆည်း ပေးနေရသည်။
ကျွန်တော်တို့၏ အဘ ဘုရားသခင်သည် မိဘဖြစ်သော လင်းယုန်ငှက်များနှင့် တူညီပါသည်။ ဘုရားသခင်သည် သူ၏ လင်းယုန် ငှက်ငယ်လေးများကို ဆာလံ ၈၁း၁၀ တွင် ပြောခဲ့သည်မှာ
 ငါသည် သင့်ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင် ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ သင်၏နှုတ်ကို ကျယ်ကျယ်ဖွင့်လော့။ ၀ပြောစွာ ကျွေးမည်။ (ဆာလံ ၈၁း၁၀)



မှန်ပါသည်။ ကျွန်တော်တို့သည် အသက်တာ ပြောင်းလဲပြီးချိန်မှ စ၍ ဘုရားသခင် မစတော်မူသော အရာများကို မျှော်လင့်ရင်းဖြင့် ပါစပ်ကို ကျယ်ကျယ်ဖွင့်ကာ မျှော်လင့်ခဲ့ရပါသည်။ တစ်နေ့ တစ်နေ့ ဘုရားသခင်သည် ကျွန်တော် တို့၏ အသက်တာထဲသို့ မည်သည့်အရာများကို ထည့်သွင်းလာမည်လဲ ဟူ၍ ရင်ခုန်စွာ မျှော်လင့်ခဲ့ရ ပါသည်။ လင်ယုန်မိဘများကလည်း သူတို့၏ လင်းယုန်သားပေါက်လေး ကြီးပြင်လာရန် မျှော်လင့်ချက် ကြီးကြီး ဖြင့် လိုအပ်သောအရာများကို ပံ့ပိုးပေးလျက်ရှိသည်။ အဘဘုရားသခင်သည် သူ၏သားသမီးများ ကြီးထွား ရင့်ကျက် လာစေရန် မျှော်လင့်လျက် ရှိနေပြီး လိုအပ်သော အရာများကို ထောက်ပံ့ မစလျက် ရှိပါသည်။ မဿဲ ၇း၁၁ တွင်ဖော်ပြထားသည်မှာ
သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသော သူတို့အား ကောင်းသောအရာကို သာ၍ ပေးတော်မူမည် မဟုတ်လော။ (မဿဲ ၇း၁၁)

လင်ယုန်ငှက် "Eagle" ၏ အဓိပ္ပါယ်မှာ "နှုတ်သီးဖြင့် အစာကျွေးသောသူ" (one feeding with the beak) ဟူ၍ ကြားဘူးပါသည်။ မည်မျှ အံ့သြစရာ ကောင်းပါသနည်း။ ဘုရားသခင်သည် သူ၏ နှုတ်တော်မှ ထွက်သော နှုတ်ထွက် စကား အစစ်များဖြင့် ကျွန်တော်တို့ကို ကျွေးမွေးနေသည် မဟုတ်ပါလော။ သဘာဝ လင်းယုန် ငှက်ပေါက် ကလေးများသည် မိဘတို့၏ နှုတ်သီးမှ ရသော အစာကို လက်ခံနေရ သကဲ့သို့ ဘုရားသခင်၏ လင်းယုန် သားပေါက်လေးများ ဖြစ်သော ကျွန်တော်တို့သည် ကြီးထွား ရင့်ကျက်လာစေရန် ဘုရား သခင်၏ နှုတ်ထွက် စကားများကိုသာ အားကိုး မှီခိုနေရသည် မဟုတ်ပါလော။ မဿဲ ၄း၎ တွင်
ယေရှုကလည်း လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည် မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှ အားဖြင့် အသက်ကို မွေးရမည်။ ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။ (မဿဲ ၄း၎)


ကျွန်တော်တို့၏ ကောင်းကင်ဘုံ အဘသည် ကောင်းကင်မှ စားသောက်ဘွယ် စာရင်း (Menu) ထဲမှ အကောင်း ဆုံးသော အစားအစာများဖြင့် သူ၏ လင်းယုန်ငှက်ပေါက်လေးများ (ယုံကြည်သူများ) ကို ကျွေးမွေး ပြုစုနေ သော လင်းယုန်ငှက်ကြီးပင် ဖြစ်သည်။

ကမ္ဘာပေါ်မှ လင်းယုန်ငှက်များသည် လင်းယုန်မိဘများက ချပေးသော အစာဖြင့်သာ ကြီးထွားလာကြပါသည်။ လင်းယုန်ငှက်ပေါက် လေးများ၏ သန်မာ ထွားကြိုင်းလာမှုနှင့် ရင့်ကျက်ကြီးထွားစေရန်အတွက် အခြား အရာ များကို အစားထိုး၍ မဖြစ်နိုင်ချေ။ သူတို့နှင့် သင့်တော်သော အစားအစာ အဟာရ မရှိပါလျှင် ခွန်အားမရှိခြင်း၊ ကျန်းမာရေး ချူခြာမှုတို့ဖြင့် ကြီးပြင်းလာမည်။ နောက်ဆုံးတွင် သေဆုံးသွားပေလိမ့်မည်။

အထက်ပါ အချက်အလက်များသည် ကမ္ဘာကြီးထဲမှ ဘုရားသခင်၏ လင်းယုန်ငှက်ပေါက် ကလေးများ အကြောင်း ဖြစ်ပါသည်။ သင်နှင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ထွက် အစာများဖြင့် အသက်ရှင် စားသောက်နေ ပါလျှင် ကြီထွားလာပြီး သန်စွမ်း ကျန်းမာသော ဘုရားသခင်၏ လင်းယုန်ငှက်များ ဖြစ်လာပေ လိမ့်မည်။ အခြားအရာများကို အားကိုးအသက်ရှင် နေပါလျှင် ချူခြာ အားနည်းကာ နောက်ဆုံးတွင် လုံးပါး ပါးကာ ကျွန်ုပ်တို့၏ ၀ိညာဉ်ရေး အခြေအနေ သေဆုံးသွားပေလိမ့်မည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ နှုတ်ခပတ်တော် ၀ိညာဉ်အဟာရကို မှီဝဲ သုံးဆောင်ရမည်။ ဟေရှာယ ၅၅း၂ တွင် မေးမြန်းထားသော မေးခွန်းမှာ
အစာမဟုတ်သော  အရာအဘို့ သင်တို့ငွေကို၎င်း၊ အမွတ်မပြေနိုင်သော အရာအဘို့ သင်တို့ ဥစ္စာကို၎င်း၊ အဘယ်ကြောင့် ကုန်စေကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လျက်၊ ကောင်းသောအစာကို စားကြလော့။ သင်တို့၏ ၀ိညာဉ်သည် ချိုသောအရာတို့၌ မိမိကို မိမိ မွေ့လျော်စေလိမ့်မည်။ (ဟေရှာယ ၅၅း၂)

တခါတစ်ရံ ဘုရားသခင်၏ လင်းယုန်ငှက်ပေါက်ကလေးများ ဖြစ်သော ကျွန်ုပ်တို့သည် ခံယူ လိုက်လျောက်ရန် ခက်ခဲသော ဘုရားသခင်၏ နှုတ်ခပတ်တော်များကို လက်တွေ့ လိုက်လျောက် အသက်ရှင်ရန် ဇီဇာကြောင်ကာ ဝေ့လည်ကြောင်ပတ် လုပ်တတ်ကြသည်။ ကျွန်တော်သိသော လူအချို့သည် သမ္မာကျမ်းစာကို မိမိတို့ သဘော အလျောက် မိမိအကြိုက် အနက် အဓိပ္ပါယ်ဖွင့် ဘ၀ကို ပေါ့ပျက်စွာ အသက်ရှင်နေကြသူများ ရှိကြပါသည်။ သူတို့သည် ကိုယ်ကြိုက်နှစ်သက်သော အကောင်းဘက်ကို ဦးတည်သည့် ၀န်ခံချက်များ (Positive Confessions) နှင့် အကောင်းဘက်ကို ဦးတည်သည့် ကတိများ (Positive Promises) နှင့် ဆိုင်သည့် ကျမ်းပိုဒ်များကိုသာ စုစည်း ဆုပ်ကိုင် နေကြသည်ကို တွေ့မြင်ရပေလိမ့်မည်။ မိမိ မလိုက်လျှောက်နိုင်သော အကျဉ်းအကျပ် ရှိသည် ကျမ်းပိုဒ်များ၊ စီရင်ခြင်းနှင့် ဆိုင်သော ကျမ်းပိုဒ်များ၊ မိမိတို့ ကြိုက်နှစ်သက်သည့် သီသြလော်ဂျီ အယူအဆများကို စိန်ခေါ်မှုရှိသည့် ကျမ်းပိုဒ်များကိုမူကာ အသိအမှတ်ပြု လက်ခံလိုစိတ် မရှိကြ ချေ။ ထိုသူတို့သည် ရင့်ကျက် ကြီးထွားသော ခရစ်ယာန်များ မဖြစ်နိုင်ကြချေ။ သူတို့သည် အနှစ် (၄၀) ခန့် ခရစ် ယာန်တစ်ဦး သက်တမ်းဖြတ်သန်းခဲ့သော်လည်း အနှီးပတ်ထားရသည့် ကြေခဲသော အစာကို သုံးဆောင် နိုင်ခြင်း မရှိသေးသော  အနှီးပတ်ထဲက နို့စို့သူငယ် တစ်ဦးမျှသာ ဖြစ်ပေလိမ့်မည်။ ကြေခဲသော အစာသည် သူတို့အတွက် ဆို့နင့် နေပေလိမ့်မည်။

ကျွန်တော်သည် နို့စို့ ကလေးငယ်လေးများကို ချစ်ပါသည်။ အများသော ကလေးတို့သည် အလွန်ချစ်စရာ ကောင်းကြ ပါသည်။ အရွယ်အနည်းငယ် ကြီးပြင်းလာလျှင်လည်း ချစ်နေပါသေးသည်။ ယက်ကန် ယက်ကန် အခြေအနေလေးမှ လေးဘက်ထောက်ကာ ဟိုပြေး ဒီပြေး ပြုလုပ်နေသော ကလေးငယ်လေးများအထိ ကိုလည်း အလွန်ချစ်စရာ ကောင်းသည်ဟု ထင်ပါသည်။ ထိုအချိန် ထိုအသက်အရွယ်တွင် ပျော်ရွှင် ကြည်နူးမှု လေးများဖြင့် ကြည့်ရှုနိုင်ပါသေးသည်။ သို့သော် ထိုအရွယ်ထက် ကြီးပြင်းလာဘို့တော့ လိုအပ်ပါသည်။ ထိုအရွယ် ကျော်လွန်ပြီးနောက် လမ်းလျောက်တတ်ဘို့ သင်ယူရမည်။ စကားပြောတတ်ဘို့ သင်ယူရဦးမည်။ နို့ကိုသာ တစ်ချိန်လုံးတိုက်နေ၍ မဖြစ်ချေ။ ထို့ထက် ပိုမိုအဟာဖြစ် ကြီးထွားနိုင်မည့် အစားအစာများ စားသောက် ဘို့တော့ လိုအပ်ပေလိမ့်မည်။ သူသည် အမြဲတမ်း အနှီးပတ်ကလေးဖြင့် နေ၍ မသင့်တော်ချေ။ ပိုမိုကောင်းမွန်သော အ၀တ်အထည်များ ၀တ်ဘို့ လိုအပ်ပေလိမ့်မည်။ ထိုကလေးသည် ကြီးထွားမလာဘဲ အထက်ပါ အခြေအနေသို့ တိုးတက်ဖြစ်ထွန်းလာခြင်းမရှိလျှင် အလွန်ကြောက်စရာကောင်းသော အခြေအနေ တစ်ရပ်ကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း သတိပြုပါ။ ထိုကလေးသည် ရင်ကျက် ကြီးထွားလာခြင်း မရှိပါလျှင် အရပ်စကားနှင့် ပြောမည်ဆိုပါက ကံဆိုး မိုးမှောင်ကြနေပြီဟူ၍ ပြောဆိုရပေတော့မည်။ ထိုအရာအတွက် အကူအညီ တစ်စုံတစ်ရာ လိုအပ်နေ ပြီဖြစ်သည်။ အဘယ်ကြောင့်ပါနည်း။ ကျွန်တော်တို့သည် ကလေးများကို ချစ်တတ်ပါသည်။ မည်မျှပင် ဆိုးနေကာမူ ချစ်နိုင်ပါသည်။ သို့သော် ကလေးဟူသည်မှာ အချိန်ကာလ အတိုင်းအတာ တစ်ခုသာ ဖြစ်နေသင့်ပါသည်။ ကြီးပြင်းလာဘို့တော့ လိုအပ်ပေလိမ့်မည်။

ဘုရားသခင်သည်လည်း သူချစ်သော ကလေးငယ်လေးများအတွက် အမြဲတမ်း ထာဝရ ကလေးဘ၀မှာ နေစေချင်သည်မဟုတ်ပေ။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ကြီးထွား ရင့်ကျက်လာမှုအပေါ်တွင် ကျေနပ်အား ရမှုတို့ဖြင့် ကြည့်ချင်နေပေလိမ့်မည်။

ဆက်လက်ဖော်ပြပါဦးမည်

0 comments:

Post a Comment

Adsens