Headline

Monday 24 October 2011

ကောင်းကြီးနှင့် ပေးပိုင်ရှင်


“အာဗြဟံ” ဟု ဘုရားသခင် ခေါ်လျှင်
“အကျွန်ုပ် ရှိ ပါ၏” ဟု အာဗြဟံ ထူးလေ၏။
“သင်အလွန် ချစ်တဲ့ တစ်ဦး တည်းသော သားဣဇက်ကို ယူ၍ မောရိပြည်သို့သွားလော့၊ ငါပြ လတံ့ သောတောင်ပေါ် မှာ
            မီးရှို.ရာယဇ် ပြု၍ သူ့ကို ပူဇော်လော့” ဟု မိန့်တော်မူ၏။
            အာဗြဟံ သည် နံနက် စောစောထ၍ မြည်းကို ကုန်းနှီးတင်ပြီးလျှင်၊
မိမိ သားဣဇက်နှင့် ငယ်သား ၂ ဦး ကိုခေါ်၍ ယဇ်ရှို.စရာထင်းကို ခွဲယူ၍
ဘုရားသခင် မိန့်တော်မူရာသို့ ထသွား လေ၏။
            သုံးရက်မြောက်နေ့၌ ယဇ်ပူဇော်မည့်တောင်ကို အဝေးက မြင်လျှင်၊
ငယ်သား ၂ ဦးကို မြည်းနှင့်အတူ ထားရစ်ကာ၊
            “သားနဲ့ အတူ ငါသွားကိုးကွယ်ပြီးမှ သင်တို့ ဆီပြန်လာမယ်” ဟု မှာ ကြားခဲ့၏။
            မီးရှို.စရာထင်းကို သားဣဇက်ပေါ် တင်ပြီး လျှင် အာဗြဟံ သည် မီးနှင့် ဓါးကို လက်၌ ကိုင် ဆွဲလျက် ၂ ဦးအတူ သွားကြ၏။
            သွားကြစဉ် ဣဇက်က
            “အဘ” ဟုခေါ်လျှင်
            “ငါ့သား- အဘ ရှိ ၏” ဟု အာဗြဟံ ထူးလေ၏။

“မီ်းပါ၏ ၊ ထင်းပါ၏ ၊ ---- ယဇ် ဖို့ သိုးသူငယ်ဘယ်မှာလဲ” ဟု ဣဇက်မေးလျှင်
“ငါ့သား- ယဇ် ဖို့ သိုးသူငယ်ကို မိမိအဖို့ ဘုရားသခင် ပြင်ဆင်တော်မူလိမ့်မယ်” ဟု အဘ အာဗြဟံ ပြန်ဖြေ၏။
ဘုရားသခင် မိန့်တော်မူတဲ့အရပ် ရောက်တဲ့အခါ၊ အာဗြဟံ ဟာ ယဇ်ပလ္လင်တည်ပြီး၊ ယဇ်ပလ္လင်ပေါ် ထင်းတင်ကာ၊ သားဣဇက် ကိုချည်နှောင်လျက် ယဇ်ပလ္လင် ပေါ်ရှိ ထင်းပေါ် တင်လိုက်သည်။
သားကိုသတ်ဖို့ ဓါးနဲ့ အာဗြဟံ ရွယ်လိုက်လျှင်
“အာဗြဟံ၊ အာဗြဟံ” ဟု ထာဝရဘုရား ၏ ကောင်းကင်တမန် ခေါ်လေ၏။
“အကျွန်ုပ် ရှိပါ၏” ဟု အာဗြဟံ ထူးလျှင် “ထိုလုလင် ကို မထိနဲ့၊ အလျှင်းမပြုနဲ့”
ထာဝရဘုရား ကို သင် ကြောက်ရွိံ.သည်၊ သင့် ရဲ့ တစ်ဦးတည်းသား ကို ငါတောင်းတဲ့ အခါ သင်မငြင်း ဟု မိန့်တော်မူ၏။
နောက်သို့ အာဗြဟံ လှည့်ကြည့်တဲ့အခါ ချုံပုတ်၌ ချို ညှိ နေတဲ့ သိုး ကို မြင်၍ မိမိသား ကိုယ်စား သိုး ကို ယဇ်ပူဇော်လေ၏။ ထိုအရပ်ကို ယာဝေ ယိရေ ဟု အာဗြဟံ သမုတ်လေ၏။
ကောင်းချီးပေး ဖို့ ဘုရားသခင် ထံ အာဗြဟံ တစ်ခါမျှ ဆုမတောင်းဖူးပါ။
သားရဖို့လည်း ဘုရားသခင် ထံ အာဗြဟံ ဆုမတောင်းဖူးပါ။
သင့် ကို ငါကောင်းချီးပေးမယ်လို့ ဘုရားသခင်က အာဗြဟံ ကို အကြိမ်ကြိမ် ပြောခြင်းကြောင့်
“အကျွန်ုပ်မှာ ကျွန်ပဲ အမွေခံ ဖို့ရှိတယ်” လို့ အာဗြဟံ ပြောမိတဲ့အတွက်
“သင့်ကိုယ်ထဲမှ ထွက်တဲ့သားသာ အမွေခံဖြစ်လိမ့်မယ်” လို့ ဘုရားသခင် ကတိပေးလိုက်တယ်။
အာဗြဟံ မတောင်းဘဲ ဣဇက် ကို အာဗြဟံ အား ဘုရားသခင် ကတိပေးလိုက်ပြီး ဒီတစ်ဦးတည်းသော သား ဣဇက် ကို ဘခင်ရော မိခင်ပါ သဲသဲမဲမဲ ချစ်တဲ့ အခါကျမှ သင့်ရဲ့ အချစ်ဆုံးသား ကို ငါ့ အား ယဇ်ပူဇော်ပါ လို့ အာဗြဟံ ထံ ဘုရားသခင် ပြန်တောင်းလိုက်တယ်။
ချက်ချင်းပဲ အာဗြဟံ ဝန်ခံ လိုက်တယ်။
အာဗြဟံ ဝန်ခံပြီးပြီးချင်း စိတ်ထဲမှာ သားဣဇက် ကို အသေသတ်လိုက်ပြီ။
ဣဇက် ဟာ တစ်ချိန်ကျရင် ကြွလာမယ့် တစ်ပါးတည်းသော သားတော် ယေရှု ကို ပုံဆောင်တယ်။
            ၃ ရက်မြောက်နေ့မှာ “ထိုလုလင် ကို မထိနဲ့” လို့ ဓါးရွယ်နေတဲ့ အာဗြဟံ ကို ဆီးတား လိုက်ချိန်ဟာ သေခြင်းမှ ယေရှုပြန်ရှင် ချိန်ဖြစ်တယ်။
            ဣဇက် ဟာ အာဗြဟံ အား ဘုရားသခင် ပေးလိုက်တဲ့ ကောင်းချီးဖြစ်တယ်။
            ဘုရားသခင် ထံ မှ ရတဲ့ ကောင်းချီး ကို ဘုရားသခင် ထံ ယဇ်ပူဇော် လိုက်ခြင်းဟာ အသေခံခြင်း ဖြစ်တယ်။
            အသေခံခြင်း အားဖြင့် ပဲ Resurrection power
            သေခြင်း မှ ပြန်ရှင်ခြင်း တန်ခိုး ရလာတယ်။
            ဇာတိကို အသေမခံ မချင်း၊ သေခြင်း မှ ပြန်ရှင်ခြင်း တန်ခိုး မရလာနိုင်ပါ။
ပြန်ရှင်ခြင်း တန်ခိုး အားဖြင့် ပဲ လောက ကို အောင်မြင်တယ်။
ပြန်ရှင်ခြင်း တန်ခိုး အားဖြင့် ပဲ အပြစ် ကို အောင်မြင် တယ်။
ပြန်ရှင်ခြင်း တန်ခိုး အားဖြင့် ပဲ နတ်ဆိုးကို အောင်တယ်။
ပြန်ရှင်ခြင်း တန်ခိုး အားဖြင့် ပဲ စုံစမ်းသွေးဆောင်မှု. အမျိုးမျိုးကို အောင်တယ်။
ပြန်ရှင်ခြင်း တန်ခိုး အားဖြင့် ပဲ ဝိညာဉ်အသီး သီးလာတယ်။
ပြန်ရှင်ခြင်း တန်ခိုး အားဖြင့် ပဲ ဘုရားသခင် ကို နှစ်သက်ကျေနပ် စေတဲ့ အသက်တာ ရှင်လာနိုင်တယ်။
ပြန်ရှင်ခြင်း တန်ခိုး အားဖြင့် ပဲ ပေါ့ပါးလွယ်ကူတဲ့ အသက်တာ ရှင်လာနိုင်တယ်။
ပြန်ရှင်ခြင်း တန်ခိုး အားဖြင့် ပဲ Giver = ကောင်းချီး ပေးပိုင်ရှင် နဲ့ အတူ လျှောက်လှမ်း အသက်ရှင် လာနိုင်တယ်။
ပြန်ရှင်ခြင်း တန်ခိုး အားဖြင့် ပဲ ဘုရားသခင် ဖြစ်စေချင်တဲ့အတိုင်း မိမိ၌ ဖြစ်လာတယ်။
            လူ့ အထင်ကြီးအောင် အကြံအဖန် လုပ်ယူစရာ ဟန်ဆောင်စရာ၊ ဟိတ်ဟန်၊ဘွဲ့၊ ဒီဂရီ၊ ဝတ်ရုံ၊ လုပ်ခြုံစရာ မလိုတော့ဘူး။
            ဟိတ်ဟန် လုပ်ကြံမှု.ကင်းလေ ..... သဘာဝကျလေ ..... ရိုးရိုးလေး ဖြစ်လေပဲ

ကောင်းချီး ဆိုတာ ဘာလဲ ?
            မိဘ၊ ချစ်သူ၊ ဇနီး၊ ခင်ပွန်း၊ သား၊ သမီးများ၊ မောင်နှမများ၊ မိတ်ဆွေသူငယ်ချင်းများ၊ ဆရာများ၊ လုပ်ဖေါ်များ၊ ကိုယ်နှင့်စပ်ဆိုင်သူများ၊ ရန်သူများ ပါဝင်သည်။
            စွမ်းရည်များဖြစ်တဲ့ ပေးကမ်းကူညီခြင်း၊ သွန်သင်ခြင်း၊ သက်သေခံခြင်း၊ ဆုတောင်းခြင်း၊ အနာ ရောဂါငြိမ်းခြင်း၊ ပရောဖက်ပြုခြင်း၊ ဟောပြောခြင်း၊ စည်းရုံးခြင်း၊ စီမံခန့်ခွဲခြင်း၊ ဦးဆောင်ခြင်း၊ အစေခံခြင်း၊ တီးမှုတ်ကခုန်ခြင်း၊ စာရေးခြင်း၊ လျှပ်စစ်၊ သိပ္ပံ၊ စက်မှု၊ ပညာ၊ ဘွဲ.၊ ရာထူး စတဲ့ ကောင်းချီး မျိုးစုံကို ဘုရားသခင် ပေးပါသေးတယ်။ 
လူမှုရေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ အသင်းတော်လုပ်ငန်း၊ ကလေးလုပ်ငန်း၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ အပယ်ခံများ ကို စောင့်ရှောက်ရေးလုပ်ငန်း
ရေဒီယို၊ တီဗီ၊ ဗီစီဒီ လုပ်ငန်း ..... များ ဟာလည်း ဘုရားသခင်ပေးတဲ့ ကောင်းချီးများ ဖြစ်တယ်။
ရူပ၊ အရူပ၊ ယခုဘဝ၊ နောင်ဘဝ၊ ရုပ်သက်၊ နာမ်သက်အတွက် ကောင်းချီးမျိုးစုံ ကို ဘုရားသခင် ပေးသည်။


ကောင်းချီး ပိ ခံရခြင်း
လူများစွာ ဟာ ကောင်းချီး ရဖို့ ပဲ စဉ်းစားတယ်၊
ကောင်းချီးရဖို့ စိတ်ကူးယဉ်တယ်၊ ကောင်းချီး တပ်မက်တယ်။
ကောင်းချီး ရှာတယ်၊ ကောင်းချီး ရဖို့ ဆုတောင်းတယ်။
ကောင်းချီး လုပ်ယူတယ်၊ ကြံဖန် ကောင်းချီး ရဖို့ ကြိုးစားကြတယ်၊
သေတဲ့ အထိ ကောင်းချီး နဲ့ အချိန် အသက်တာ ကုန်ဆုံးသွားကြတယ်။
ကောင်းချီး ပေးပိုင်ရှင် ကို မရပဲ သေဆုံးသွားကြတယ်။
            ကျွန်ုပ်တို့ တစ်ဦးစီတိုင်း ကို ရူပ + အရူပ ကောင်းချီးမျိုးစုံ ဘုရားသခင် ပေးထားတယ်။
ရုပ်ဝတ္တုကောင်းချီး ရလို့ ပျော်ကြတယ်။
ရုပ်ဝတ္တုကောင်းချီး ရလို့ အားရ ထုတ်ပြ ဝါကြွားကြတယ်။
ကောင်းချီးရလို့ အလုပ်များကြတယ်။
ကောင်းချီးရလို့ မာနတက်ကြတယ်။
ကောင်းချီးရလို့ ကျေနပ်ကြတယ်။
ကောင်းချီးရလို့ မိမိကိုယ်ကို အထင်ကြီးသွားကြတယ်။
ကောင်းချီးရလို့ ဘုရား နဲ့ တွေ.ချိန် မရှိဘူး။
ကောင်းချီးရလို့ ဘုရား ကို မေ့သွားတယ်။
ကောင်းချီးရလို့ ဘုရား ကို အားမကိုး တတ်တော့ဘူး။
ကောင်းချီး နဲ့ ချမ်းသာလို့ လူတွေက သူ့ကို ဘုရားလို အားကိုး၊ ချဉ်းကပ်၊ အထင်ကြီး၊ ချီးမွမ်းကြတယ်။
The things you own, own you.
The things you hold, hold you.
သင် ပိုင်တဲ့ အရာ က၊ သင့် ကို ပိုင် သွားပြီ။
သင် ဆုပ်ကိုင် ထားတဲ့ အရာက၊ သင့် ကို ချုပ်ကိုင် သွားပြီ။
ကောင်းချီးပိုင်ချင်လွန်း တဲ့ လူ ဟာ ကောင်းချီးက သူ့ကို ပြန်ပိုင်သွားတယ်။
ကောင်းချီး ကို ဆုပ်ကိုင် ထားတဲ့ လူ ဟာ ကောင်းချီး ရဲ့ ချည်နှောင်၊ ချုပ်ကိုင်ခြင်း ပြန်ခံရတယ်။
ကောင်းချီး မှ ရုန်းထွက် မရနိုင်တော့ ဘဲ၊
ကောင်းချီး နဲ့ ပိလေး သွားခြင်းဖြင့်
ကောင်းချီး မှ ရုန်းထွက် မရနိုင် တော့တယ်။

ဘာ က အရေးအကြီးဆုံး လဲ ?
Blessings = ကောင်းချီး က အရေးကြီး သလား ?
Blesser    = ကောင်ချီး ပေးပိုင်ရှင် က အရေးကြီးသလား ?
လူများစွာ ဟာ Blessings = ကောင်းချီး နဲ့ လုံးပန်းရင်း အသက်ထွက် သွားကြတယ်။
            ကောင်းချီး ကို ပဲရှာ၊ ကောင်းချီး ကို ပဲကြည့်၊ ကောင်းချီးနဲ့ပဲ မျက်စိကန်း၊ ကောင်းချီး နဲ့ မောက်မာ၊ ကောင်းချီး နဲ့ ကျေနပ်ကြသူများ ဟာ Blesser = ကောင်းချီးပေးပိုင်ရှင် နဲ့ လွဲချော်သွား ကြတယ်။
            တကယ်တော့
ကောင်းချီး ထက် ကောင်းချီးပေးပိုင်ရှင် က ပိုအရေးကြီးတယ်။
ကောင်းချီး ထက် ကောင်းချီးပေးပိုင်ရှင်က သူ့ကိုသူ သင့်အား အပိုင်ရစေချင်တယ်။
            ဘုရားသခင် ရဲ့ အမြင့်ဆုံး ရည်မှန်းချက်က
သင့် အား ကောင်းချီးပေးပိုင်ရှင် ကို အပိုင် ရစေချင်တယ်။
ကောင်းချီးပေးပိုင်ရှင် ကို သင် ရလျှင် ကောင်းချီးအားလုံးကို သင်ရမည်။
ကောင်းချီးပေးပိုင်ရှင် ဆိုတာ သေခြင်း မှ ပြန်ရှင်တဲ့ ယေရှုခရစ် ဖြစ်တယ်။
ကောင်းချီးပေးပိုင်ရှင် Resurrected LIFE ယေရှုခရစ် ဖြစ်တယ်။
ပြန်ရှင် တဲ့ အသက် ဆိုတာ ယေရှုခရစ် ဖြစ်တယ်။

JEUSE CHRIST Is the Resurrected LIFE
ပြန်ရှင်တဲ့ အသက် ကို ဘယ်လို ရ သလဲ ?
            မျိုးစေ့ တစ်စေ့ မှာ ၂ သက် ရှိတယ်။
မျိုးစေ့ ရဲ့ အသက် နဲ့ အပင်ရဲ့ အသက် ဆိုပြီး အသက် ၂   မျိုးရှိတယ်။
            မျိုးစေ့ကို မြေမှာချပြီး အသေမခံ ရင် မျိုးစေ့ ရဲ့ ပထမ သက် နဲ့ ပဲ နိဂိုးချုပ် သွားတယ်။ ဒုတိယ အသက်ဖြစ်တဲ့ အပင် ရဲ့ အသက် ရှင်မလာနိုင်တော့ဘူး။
            မျိုးစေ့ကို မြေမှာ ချပြီး အသေခံ မှ ဒုတိယ အသက် ဖြစ်တဲ့ အပင် ရဲ့ အသက် ပြန်ရှင် လာနိုင်တယ်။
ပြန်ရှင်လာတဲ့ အသက်သစ် မှာ အပွင့် နဲ့ အသီး ပါလာတယ်။
ပြန်ရှင်လာတဲ့ ဒုတိယ အသက်သစ် ဟာ ပထမသက် ထက် ပို ရှည်တယ်။
ပြန်ရှင်လာတဲ့ ဒုတိယ အသက်သစ် ဟာ ပထမသက် ထက် ပို တန်ဖိုးကြီးတယ်။
            မျိုးစေ့ နမူနာ အတိုင်းပဲ
            လူ ဟာ မိမိ ဇာတိကို အသေခံ စွန့်ပစ် မှ ယေရှု ရဲ့ ပြန်ရှင်ခြင်း အသက်ကိုရမယ်။

ဣဇက် ကို ဘုရားသခင် ဘယ်လို တောင်းယူသလဲ ?
အာဗြဟံ အား ဘုရားသခင် ပေးထားတဲ့ ကောင်းချီး ဣဇက်ကို ဘုရားသခင်    က -
က ။ အဓမ္မ နည်း နဲ့ ပြန် မယူပါ။
ခ  ။ Natural death သဘာဝ အလိုလို သေခြင်း နဲ့ ပြန် မရုပ်သိမ်း ပါ။
            ဣဇက် နုပျိုကြီးထွား၊ သန်စွမ်း၊ လှပ၊ ချစ်စဖွယ်၊ အကောင်းဆုံး အရွယ်မှာ
            အာဗြဟံ ကိုယ်တိုင်
က။ ယဇ်ပလ္လင် တည်
ခ။ ထင်းတင်
ဂ။ ဣဇက် ရဲ့ လည်လှီး၊ သွေးသွန်းပြီး
ဃ။ ယဇ်ပလ္လင် ထင်းပေါ် ဣဇက် ကို တင်ကာ sacrifice ယဇ်ပူဇော် ရမည်။
            ထို့အတူ
ကျွန်ုပ်တို့ အား ဘုရားသခင် ပေးထားသည့် ကောင်းချီးများဖြစ်တဲ့ လူများ၊ စွမ်းရည်အတတ်ပညာများ၊ လုပ်ငန်းများ၊ ဥစ္စာပစ္စည်းများ ကို
            ဘုရားသခင် ထံ sacrifice အသေခံ ယဇ်ပူဇော် မှ
            ပြန်ရှင်ခြင်း အသက် ရ လာမည်။
            ဘုရားသခင် ၏ နိုင်ငံတော် ထဲ ရင်းနှီးမြှုပ်နှံ မှ ထာဝရ အသက်ရှင်မည်။
            ဘုရားသခင် ၏ နိုင်ငံတော် ထဲ မရောက်တဲ့ လူများ၊ စွမ်းရည်အတတ်ပညာများ၊ လုပ်ငန်းများ၊ ဥစ္စာပစ္စည်းများ ....
            ခိုးယူ၊ လုယက်၊ လိမ်လည်၊ ဖျက်ဆီး ခံရသည်။

ဘုရားသခင် ၏ အလိုတော်

ကောင်းချီးပေးပိုင်ရှင် ကို ကျွန်ုပ်တို့ အားအပိုင်ရ စေချင်သည်။
ကောင်းချီး ကို တပ်မက်၊ စွဲလမ်း၊ နစ်မွန်း မနေ စေချင်ဘူး။
ကောင်းချီး နဲ့ ပျော်မွေ.ပြီး
ကောင်းချီးပေးပိုင်ရှင် နဲ့ မမွေ.လျော်တာ ကို ဘုရားသခင် မကြိုက်ဘူး။
ကောင်းချီးပေးပိုင်ရှင် ယေရှုခရစ် နဲ့ သင် ပေါင်းဖေါ် မွေ.လျော်နေခြင်း ကိုပဲ ဘုရာသခင် အလိုတော် ရှိတယ်။
ဘယ်ကောင်းချီး မှ ကောင်းချီးပေးပိုင်ရှင် ထက် ပို တန်ဖိုး မကြီးပါ။
ကောင်းချီးများကို သင် ဆုပ်ကိုင် ဖက်တွယ်ခြင်းထက်
ကောင်းချီးပေးပိုင်ရှင် ကို သင် ဖက်တွယ် စေချင်တယ်။
            အသင်းတော် လုပ်ငန်း၊ သာသနာ လုပ်ငန်း၊ စီးပွားရေး လုပ်ငန်းများ ဟာ ဘုရားသခင်ပေးတဲ့ ကောင်းချီးများဖြစ်ပါတယ်။
            ဘုရားသခင် ကျွန်ုပ်ကို စေခိုင်းခဲ့တဲ့ သာသနာ လုပ်ငန်း နှင့် အသင်းတော် လုပ်ငန်း တိုးတက် အောင်မြင်ဆုံး အချိန်ဟာ ကျွန်ုပ် ပျော်ရွှင်ချိန် ဖြစ်တယ်။
အဲဒီအောင်မြင်မှု. အချိန်ဟာ ကျွန်ုပ်ကို လူတွေ အထင်ကြီး ချီးမွမ်းချိန် ဖြစ်တယ်။
လူတစ်ဦး လိုချင်တဲ့ ကျော်ကြားမှု.၊ ဂုဏ်၊ အောင်မြင်မှု.၊ စားဝတ်နေရေး အဆင်ပြေမှု.၊ ရနိုင်တဲ့ နေရာ ဖြစ်တယ်။
ဒီလို နေရာမျိုး ကို စွန့်ခွာရင် လူတွေက လူမိုက် လို့ ပြောကြမှာပေါ့။
လောက ကောင်းချီး အရဆုံး အချိန် ဟာ
ဝိညာဉ်ရေး ကျလွယ်ဆုံး အချိန် ဖြစ်တယ်။
မမြင် ရတဲ့ ပေးပိုင်ရှင် ထက် မြင်ရတဲ့ ကောင်းချီးတွေက လူတွေ ကို ချုပ်ကိုင် ဖမ်းစားထားပြီ။
ဒါကြောင့် ဣဇက် ချစ်စရာ အကောင်းဆုံး အရွယ်၊ နုပျိုချိန်မှာ ဘုရားသခင် ပြန်တောင်း သလို ကျွန်ုပ်တို့ ထံမှ ကောင်းချီး ကို အချိန်ကောင်း မှာ ဘုရားသခင် ပြန်တောင်းတတ်တယ်။
ဘုရားသခင် က လူကို တစ်ဖက်သတ် မပိုင်ချင်ဘူး။
လူ က ဘုရားသခင် ကို တစ်ဖက်သတ် ပိုင်တာကိုလဲ မလိုချင်ဘူး။

ဘုရားသခင် ရဲ့ အလိုတော် က

လူ ကို ကိုယ်တော် တစ်ပါးတည်းပဲ ၁၀၀% ရာနှုံးပြည့် ပိုင်ချင်တယ်။
အခြား ဘယ်အဖွဲ့အစည်း၊ ဘယ်သူ နဲ့ မှ ဖက်စပ် မပိုင်ချင်ဘူး။
            လင် နှင့် မယား ကဲ့သို့ သီးသီး သန့်သန့်၊ သန့်သန့် ရှင်းရှင်း ၁၀၀% ရာနှုန်းပြည့် အပြန်အလှန် ပိုင်တာမျိုးကို ပဲ ဘုရားသခင် အလိုရှိတယ်။
            ဘုရားသခင် ထံ မိမိကိုယ်ကို ၁၀၀% ရာနှုန်းပြည့် အပိုင်ခံ သူအား ဘုရားသခင် ကလည်း ကိုယ်တော်၌ ရှိသမျှ ကို ၁၀၀% ရာနှုံးပြည့် ပိုင်ခွင့်ပေးသည်။
ယေရှုခရစ် ကို အပိုင်ရ သူသည် ပြန်ရှင်ခြင်း အသက် ကိုပါရသည်။
ယေရှုခရစ် ကို အပိုင်ရ သူသည် ယေရှု ရတဲ့ အမွေ ကို တွဲဖက်ရသည်။
ယေရှုခရစ် အား သင် ၁၀၀% ရာနှုံးပြည့် အပိုင်ခံခြင်း အားဖြင့် သာ ယေရှုခရစ် ကို သင် ပိုင်ခွင့် ရှိသည်။

ဆင်ခြင်ရန်
၁။ ဘုရားသခင် ပေးတဲ့ ကောင်းချီးတွေ ဘာတွေ ရှိသလဲ ?
            ၅၀ ခန့် စာရင်းပြုပါ။ သင် ဘယ်နှစ်မျိုး ခံစား ရရှိပြီလဲ ?
၂။ ဘုရားသခင် ထံ မှ သင် မျှော်လင့်တဲ့ ကောင်းချီးများ ကို စာရင်းပြုပါ။
၃။ ကောင်းချီး နှင့် ကောင်းချီးပေးပိုင်ရှင်၊ ဘုရား က သင့်ကိုဘာပိုင်စေချင်သလဲ?
၎။ ဘုရားသခင် ကောင်းချီးပေးပြီးနောက် ပြန်တောင်း သေးလား ?
    ဘာကြောင့်လဲ ?
၅။ ကောင်းချီး ကို ဘုရားသခင် ဘယ်နည်း နဲ့ ပြန်မယူ သလဲ ?
    ဘယ်နည်း နဲ့ ပြန်ယူသလဲ ?
၆။ ကောင်းချီး ကို သင် ပိုင်တာလား ?
    သင့် ကို ကောင်းချီး က ပိုင်တာလား ?
၇။ အာဗြဟံ ထံမှ ကောင်းချီး ကို ဘုရားသခင်ပြန်တောင်း သလို သင့် ထံမှ        ဘုရားသခင် ပြန် တောင်းသလား ?
                       သင် ဘယ်လို စွန့်လွှတ် ခဲ့သလဲ ?
မိတ်ဆွေ၊ ဆရာ၊ ချစ်သူ၊ စွမ်းရည်၊ အလုပ်၊ ပစ္စည်း၊ ပညာ သင်စွန့်လွှတ်  ပူဇော်ပုံ ကို သက်သေခံလျက် စာရေး ပို့ပေးပါ။

၈။ ကောင်းချီးပေးပိုင်ရှင် ကို သင် ပိုင် လျှင် ဘာ အကျိုးရလဒ် ရမလဲ ?
 က။.....................                ဂ။......................
  ခ။.....................               ဃ။......................
၉။ ကောင်းချီးပေးပိုင်ရှင် ကို သင် ဘယ်လို ပိုင်နိုင်မလဲ ?
၁၀။ ဘုရားသခင် အလိုတော် က ကောင်းချီးကို သင် ဘယ်လို လုပ်စေချင်သလဲ?
                                                                                                         ရွှေလင်းယုန်








0 comments:

Post a Comment

Adsens