Headline

Wednesday 16 November 2011

ကွန်ပျူတာ အလွန်အကျွံသုံးစွဲသူများ အရိုးပါးရောဂါနှင့် ကျီးပေါင်းရောဂါများ ဖြစ်ပွားနိုင်

ကွန်ပျူတာကို အလွန်အကျွံသုံးစွဲသော လူငယ်များသည် အသက်ကြီးပြင်းလာချိန်၌ အရိုးပါး ရောဂါနှင့် ကျီးပေါင်းရောဂါများ ဖြစ်ပွားနိုင်ကြောင်း World Osteooporosis Day 2011 အထိမ်းအမှတ် အရိုး ကျန်းမာရေးဆိုင်ရာ ပညာပေး ဟောပြောပွဲမှ သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ယနေ့အိုင်တီခေတ်လူငယ်လူရွယ်များအတွက် သတိပြုရမည့် အရိုး ကျန်းမာရေးနှင့်ပတ်သက်သော အချက်များကို ဟောပြောခဲ့ကြောင်း သိရသည်။
" ယနေ့ခေတ်လူငယ်ယောက်က်ျားလေး ၂၅ ရာခိုင်နှုန်း၊ ဆယ်ကျော်သက် အရွယ်မိန်းကလေး ၁၀ ရာခိုင်နှုန်းဟာ မျှတတဲ့အစာမစားတက်တာ၊ ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်လက်လှုပ်ရှားမှု မပြုတာ၊ စိတ်ဖိစီးမှုများပြားတာ၊ အရက်၊ ဆေးလိပ်စွဲလမ်းတာ၊ ကိုယ်ခန္ဓာသေးလိုတာ၊ ကွန်ပျူတာသုံးစွဲမှုများပြားတာ တွေကြောင့် အိုင်တီရဲ့ သားကောင်ဖြစ်လာပြီး အရိုးပါးရောဂါနှင့် ကျီးပေါင်းရောဂါတွေ ခံစားလာကြရတာကိုတွေ့ ရပါတယ်" ဟု ပါမောက္ခဒေါက်တာ ဦးမြင့်သောင်းက ပြောသည်။
အရိုးပါးရောဂါကြောင့် အရိုးကျိုးခြင်းများဖြစ်ပွားနိုင်ကြောင်း သိရသည်။ အသက် (၂၀) မှ (၂၅) နှစ်အရွယ် လူငယ်များ၏ အရိုးများအတွင်းထုထည်ပမာဏစံနှုန်း 2.5 SD အောက် ကျဆင်းသွားလျှင် အရိုးပါး ရောဂါရှိပြီဖြစ်ကြောင်း စက်များ၏ စမ်းသပ်ချက်များအရ သိနိုင်သည်။
" ကျွန်တော်တို့ ကွန်ပျူတာသမားတွေ အရိုးပါးရောဂါဖြစ်ပွားနိုင်တယ်ဆိုတာ မသိပါဘူး။ ကျီး ပေါင်းရောဂါဖြစ်တတ်တယ်လို့တော့ ကြားဖူးတယ်" ဟု ၀ါရင့်ကွန်ပျူတာအော်ပရေတာ တစ်ဦးက ပြောသည်။
အရိုးနှင့်ပတ်သက်သော ရောဂါများ မဖြစ်ပွားစေရန် " အရိုးကြံ့ခိုင်ခြင်းအစ၊ ငယ်စဉ်ဘ၀က " ဆောင်ပုဒ်နှင့်အညီ လူငယ်များအနေဖြင့် သတိပြုနေထိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Adsens