Headline

Monday 21 November 2011

သင့်အတွက်ကယ်တင်ခြင်းသတင်းကောင်း

ချစ်သောမိတ်ဆွေ....
သင့်ရဲ့ အချိန်လေး ကို ခဏလေးပေးပြီးတော့အောက်မှာရေးထားတဲ့ယေရှုခရစ်တော်ဘုရား၏နောက်ဆုံးသောကာလအတွက်ကြိုတင်ဟောပြောထားချက်ကိုဆင်ခြင်ကြည့်ပါ
သင့်အတွက်ထူးခြားမှုတစ်ခုခုဘုရားသခင်ပြုလိမ့်မည်။
အကြောင်းမူကား နောက်ဆုံးသောကာလ။ချီဆောင်ခြင်းကာလသည်အလွန်နီးနေပြီ
များမကြာမှီဒီကမ္မာသည်ပျက်စီးတော့မယ်....ထာဝရဘုရားသည်ဒီကမ္မာမြေကြီးကိုတရားစီရင်မည့်အချိန်ရောက်လာပြီ....
ရှင်မသဲာသြ၀ါဒစာစောင် အခန်းကြီး ၂၄း၃.........
မ၂၄း၃-ထိုနောက် သံလွင်တောင်ပေါ်မှာ ထိုင်တော်မူစဉ်၊ တပည့်တော်တို့သည် အခြားသူမပါဘဲချဉ်းကပ်၍၊ ထိုအမှုအရာတို့သည် အဘယ်ကာလမှဖြစ်မည်ကို၎င်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ် ဖြစ်မည်ကို၎င်း အမိန့်ရှိတော်မူပါဟု လျှောက်ကြ၏။ ၄ယေရှုကလည်း၊ သင်တို့ကိုအဘယ်သူမျှ မလှည့်ဖြားစေခြင်းငှါ သတိပြုကြလော့။
မ၂၄း၅-အများသောသူတို့က၊ ငါသည်ခရစ်တော်ဖြစ်၏ ဟု ဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာသဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။
မ၂၄း၆-သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက်အံ့ သောသိတင်းစကားကို၎င်း ကြားရကြလိမ့်မည်၊ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းငှာ သတိပြုကြလော့။ ထိုအမှုအရာများသည် ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။
မ၂၄း၇-လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။
၂၄း၈-ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။
၂၄း၉-ထိုကာလ၌ လူအများတို့သည် သင်တို့ကိုညှင်းဆဲခြင်း၊ အသေသတ်ခြင်းကို ခံစေခြင်းငှါ အပ်နှံကြလိမ့်မည်။ ငါ၏နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကိုမုန်းကြ လိမ့်မည်။ ၁ဝထိုကာလ၌ အများသောသူတို့သည် ဖောက်ပြန်ခြင်းသို့ရောက်၍၊ အချင်းချင်းတယောက်ကို တယောက် အပ်ကြလိမ့်မည်။ ၁၁အချင်းချင်းမုန်းကြလိမ့်မည်။ မိစ္ဆြွာပရောဖက်အများတို့သည် ပေါ်လာ၍ လူအများတို့ကိုလှည့်ဖြားကြလိမ့်မည်။

၂၄း၁၂-မတရားသောအမှုတို့သည် များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။
၂၄း၁၃-အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။
၂၄း၁၄-လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံ အရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတံ့။
 ၂၄း၂၉-ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက်ရုတ်ခနဲနေသည် မိုက်လိမ့်မည်။ လသည်အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။
၂၄း၃ဝ-ထိုအခါ လူသား၏ နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ်ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။
၂၄း၃၁-လူသားသည်မိမိတမန်တို့ကိုစေလွှတ်၍ တံပိုးခရာကိုပြင်းစွာ မှုတ်စေတော်မူသဖြင့်၊ သူတို့သည် ရွေးချယ်တော်မူသောသူတို့ကိုအရပ်လေးမျက်နှာ၊ ကောင်းကင် အောက်ထက်ဝန်းကျင်တို့မှခေါ်၍ စုရုံးကြလတံ့။
ရှင်မသဲာ ၂၄း၂၉ မှာယေရှုက ထိုကာလတွင်ကောင်းကင်မှကြယ်တို့သည်ကြွေကျကြလိမ့်မည်ဟုဆိုထားပါသည်
ခရစ်နှစ် ၂၀၁၂-၂၀၁၃ တွင်ကမ္ဘာပျက်မည်ဟုပညာရှင်များသည်တွက်ချက်လျက်ဆိုးရိမ်နေကြသည်
အထက်ပါဖော်ပြခဲ့ပြိးသော နောက်ဆုံးသောကာလ၏နိမိတ်လက္ခာများဖြစ်သော မြေလှုပ်ခြင်းကြောင့်လူများသေကြေပျက်စီးခြင်း။
အစာရေစာခေါင်းပါးခြင်း။ရေကြီးခြင်း။ရာသီဥတုဖောက်ပြန်ခြင်း။စစ်ပြိုင်ဆိုင်ခြင်း။အချင်းချင်း( တစ်နိုင်ငံနှင့်တစ်နိုင်ငံတော်လှန်ပုန်ကန်ခြင်း
အကြမ်းဖက်မှုပိုမိုတိုးပွားခြင်း။အနာရောဂါများကျရောက်လာခြင်း။အချင်းချင်းမေတ္တာခေါင်းပါးခြင်း။ကမ္ဘာကြီးသည်တစ်ဖြည်းဖြည်းပျက်စီးခြင်းဘက်သို့ဦးတည်နေခြင်း။ nuclear boomများပြိုင်ဆိုင်ခြိမ်းခြောက်ခြင်း။ဂြိုလ်များဖြင့်ကမ္ဘာမြေကြိးအားခြိမ်း   ခြောက်ခြင်း။                     ယုံကြည်သူများ ( ခရစ်ယာန်များအကျင့်စာရိတ္တပျက်ပြားခြင်း။) များစွာသောအကြောင်းအရာတို့သည်တကယ်ပင်နောက်ဆုံးသောကာလ၏လက္ခဏာများဖြစ်ကြောင်းသမ္မာကျမ်းထဲမှာရေးသားဖော်ပြသည်။
မိတ်ဆွေ...ယေရှုဘုရားက....ကောင်းကင်နှင့်မြေကြီးမတည်သော်လည်းငါ့စကားသည်တည်လိမ့်မည်(                                 ) ငါ့ကိုယုံကြည်သောသူသည်ပျက်စီးခြင်းသို့မရောက်ရ ထာဝရအသက်ကိုပေးမည် ( ယောဟန် ၃း၁၆ )ဟုဖော်ပြသည်
ယနေ့မိတ်ဆွေသည်ယေရှုခရစ်တော်ကိုလက်ခံပါ ယေရှုခရစ်တော်ထံသို့ပြန်လာပါ..နောင်တရပါ...အသစ်သောအသက်တာအားဖြင့်အသက်ရှင်ပါ....ယေရှုခရစ်တော်တစ်ပါးတည်းသာလျှင်ကယ်တင်ခြင်းတန်ခိုးအခွင့်အာဏာရှိ၏။(တမန်တော် ၄း၁၂ )
ယနေ့သည်ကယ်တင်ရာနေ့ဖြစ်၏ နက်ဖြန်နေ့သည်အဘယ်သို့ဖြစ်မည်ကိုမသိ။( ၂ကော ၆း၂ ) ( ယောဟန် ၉း၎ ) ( ဗျာဒိတ်ကျမ်း ၁၂း ၁၀-၁၂ )
မိတ်တွေသင်သည်ထိုကာလအတွက်အဆင်သင့်ဖြစ်ပြီလာ....ပညာရှိသောသတို့သမီး၅ ယောက်ကဲ့သို့ဆီမီးခွက်အပြည့်နဲ့နောက်ဆုံးသောနေ့ရက်အတွက်ပြင်ဆင်နိုင်ကြပါစေ..
အကြောင်းမူကား နောက်ဆုံးသောကာလ။ချီဆောင်ခြင်းကာလသည်အလွန်နီးနေပြီ...............
အမှုတော်မြတ်၌
 ဇာကို salvationray@gmail.com (salvationrayministry )

0 comments:

Post a Comment

Adsens