Headline

Tuesday 8 November 2011

သတိပြုပါ ဆေးယဉ်ပါး တီဘီရောဂါ

Health Digest
news
တီဘီရောဂါ (Tuberculosis) သည် ကမ္ဘာ့အဓိကပြည်သူ့ကျန်းမာ ရေး ပြဿနာတစ်ခုဖြစ်သည်ဟု ယေဘုယျအားဖြင့် သိထားပြီးကြပြီ ဖြစ်ပါမည်။ ၄င်းသည် ကမ္ဘာ့အဓိက ကူးစက်ရောဂါတစ်ခုဖြစ်သည်သာမက ဒေသတွင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကျန်းမာရေးကိုလည်း ခြိမ်းခြောက် လျက်ရှိသောရောဂါတစ်ခုဖြစ်ပေသည်။ သို့ဖြစ်သည် နှင့်အညီ နိုင်ငံတကာ အတိုင်းအတာသာမက ဒေသတွင်းနှင့် သက်ဆိုင်ရာ နိုင်ငံတိုင်းကပါ တီဘီ ရောဂါ တိုက်ဖျက်ထိန်းချုပ်နိုင်ရေး အတွက် နည်းလမ်းအဖုံဖုံဖြင့် ကြိုးစား ဆောင်ရွက်လျက်ရှိနေဆဲတွင်ပင် နောက်ထပ် စိန်ခေါ်မှုတစ်ရပ်နှင့် ရင် ဆိုင်ရပြန်သည်။
ယင်းကား ဆေးမတိုးသော သို့ မဟုတ် ဆေးယဉ်ပါးသော တီဘီ ရောဂါ (Multi Drug Resistant TBMDR TB) ပင်ဖြစ်ပါသည်။ တီဘီရောဂါဆိုသည်မှာ တီဘီ ပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါ တစ်ခုဖြစ်ကြောင်း သိထားကြပေမည်။ တိုက်ရိုက်ကြည့်ရှု အချိန်တိုကုထုံး (DOTs) ဖြင့်သာ စနစ်တကျ ဆေးဝါး ကုသမှုခံယူ မည်ဆိုပါက တီဘီရောဂါ မှာ မုချမသွေ ပျောက်ကင်းသော ရောဂါတစ်ခုဖြစ်ပါသည်။
ယေဘုယျ အားဖြင့် ၆-လ၊ ၈-လထိ ဆေးဝါး ကုသမှုခံယူလျှင် ပျောက်ကင်းသွားကြ ပါသည်။ ဆေးယဉ်ပါးတီဘီရောဂါ ကား ထိုသို့မဟုတ်။ ရောဂါရှာဖွေရာ တွင်ရော ရောဂါကုသစောင့်ရှောက်မှု ပေးရာတွင်ပါ ပိုမိုခက်ခဲရှုပ်ထွေးသည့် ပြင် ငွေကုန်ကြေးကျလည်းများသည်။ ဆေးယဉ်ပါးတီဘီရောဂါဖြစ်ပွား မှုနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ခန့်မှန်းချက်အရ ၂၀ဝ၈ ခုနှစ်တွင် ဆေးယဉ်ပါးတီဘီဖြစ်ပွားမှု ၄၄၀ယဝ၀ဝ ရှိပြီး ၄င်းတို့အနက်မှ ၁၅၀ယဝ၀ဝ သေဆုံးမှုရှိကြောင်း သိရှိရ ပါသည်။ အိန္ဒိယနှင့် တရုတ်ပြည်တွင် ကမ္ဘာ့ဆေးယဉ်ပါးတီဘီရောဂါဖြစ်ပွားမှု ၏ ထက်ဝက်ခန့်ရှိကြောင်းလည်း သိရ ပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရှေ့တောင်အာရှ နယ်မြေအတွင်းတွင် ဆေးယဉ်ပါးတီဘီဖြစ်ပွားမှုနှုန်းမှာ လူ နာသစ်များတွင် ၁.၇-၄.၂ ရာခိုင် နှုန်းနှင့် လူနာဟောင်းများတွင် ၁၀ - ၃၄.၇ ရာခိုင်နှုန်းရှိသည်ဟု သိရ ပါသည်။ ၂၀၁၁ အစီရင်ခံစာအရ ဆေးယဉ်ပါးတီဘီ ဖြစ်ပွားသူပေါင်းမှာ နယ်မြေအတွင်း ၁၃၀ယ ဝ၀ဝ ခန့်ရှိပြီး တစ်ကမ္ဘာလုံး ဆေးယဉ်ပါးတီဘီ ဖြစ် ပွားသူပေါင်း၏ ၃ ပုံ ၁ ပုံ ခန့်ရှိရာ နယ်မြေအတွင်း ဆေးယဉ်ပါးတီဘီ၏ အတိုင်းအတာကို မှန်းဆကြည့်နိုင်ပါ သည်။ ပိုမို၍ ဆိုးဝါးသော ဆေးယဉ် ပါးတီဘီရောဂါ (Extensively Drug Resistant TB - XDR TB)သည်ပင် ဒေသတွင်းနိုင်ငံငါးနိုင်ငံ (ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါနှင့် ထိုင်းနိုင်ငံ)တွင် စတင်ဖြစ်ပွားနေ ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံတွင်လည်း ၂၀ဝ၈ ခုနှစ်တွင် ပြုလုပ်ခဲ့သော အမျိုးသား အဆင့် ဆေးယဉ်ပါးတီဘီ ဆန်းစစ် ခြင်း (Nationwide Drug Resistance Survey) အရ လူနာသစ် တွင် ၄.၂ ရာခိုင်နှုန်းနှင့် လူနာဟောင်း တွင် ၁၀ ရာခိုင်နှုန်းရှိကြောင်းသိရပါ သည်။ ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်၍ ဆေးရုံကြီးများမှ ကျွမ်း ကျင်သူ ဆရာဝန်ပါရဂူကြီးများ၊ အမျိုး သား တီဘီရောဂါတိုက်ဖျက်ရေး စီမံ ကိန်း (NTP)၊ WHO နှင့် အခြား အစိုးရမဟုတ်သော အဖွဲ့အစည်း (NGOs) များမှ ပုဂ္ဂိုလ်များပါဝင်သော အမျိုးသားအဆင့် ဆေးယဉ်ပါးတီဘီ ဆိုင်ရာ ကော်မတီတစ်ရပ်ကို ဖွဲ့စည်း ခဲ့ပါသည်။ ထို့ပြင် ရန်ကုန်နှင့် မ္တလေး မြို့များတွင် စတင်၍ NTP ၊ MSFHolland နှင့် WHO တို့နှင့်ပူးပေါင်း ကာ ဆေးယဉ်ပါးတီဘီရှေ့ပြေးစီမံချက် (MDR-TB Pilot Project)ကို ၂၀ဝ၉ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ဆေးယဉ်ပါးတီဘီရောဂါမှာ အမှန်စင်စစ် လူလုပ်သောပြဿနာ (Man-made Problem)ပင် ဖြစ်ပါ သည်။ တီဘီဆေးကုသမှုပေးရာတွင် ဆေးကုထုံးနှင့် မလျော်ညီဘဲ ကုသ ခြင်း၊ ဆေးဝါးအချိန်အဆနှင့် အကြိမ် ရေ မမှန်ကန်ခြင်း၊ ဆေးဝါးအရည် အသွေးနိမ့်ကျနေခြင်း၊ တီဘီဆေး များကို ကျန်းမာရေးစောင့်ရှောက်မှု ပေးသူက ညွှန်ကြားသည့်အတိုင်း စနစ်တကျ အချိန်မှန်မှန်မသောက်သုံး ခြင်းနှင့် တီဘီပိုးအားလုံးကင်းစင်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးသူက ဆေးရပ်ရန် ဆုံးဖြတ်မပေးမီ မိမိ သဘောနှင့် ဆေးရပ်လိုက်ခြင်းစသည် တို့သည် အဓိကအကြောင်းတရားများ ဖြစ်ကြပါသည်။
ယင်းနောက်မှ ]ဆေး ယဉ်ပါးတီဘီရောဂါရှိသူ}ထံမှ တိုက် ရိုက်ကူးစက်ခံရခြင်းသည်လည်း အ ကြောင်းတစ်ကြောင်း ဖြစ်လာပါသည်။ ဆေးယဉ်ပါးတီဘီ (MDR-TB) ဆိုသည်မှာ တီဘီရောဂါကုသရာတွင် အစွမ်းထက်ဆုံး ပထမတန်း ဆေး ၂ မျိုးဖြစ်သည့် Isoniazid နှင့် Rifampicin ဆေးများကို ယဉ်ပါးသွား သည့် တီဘီဗက်တီးရီးယားပိုးများ ကြောင့် ဖြစ်ပွားသည်။ သာမန်တီဘီ ရောဂါကုထုံးဖြင့် ဆေးကုသမှုခံယူနေ ရင်း ရောဂါလက္ခဏာများ သက်သာ မလာဘဲ ပိုမို၍ ဆိုးဝါးလာခြင်း၊ သလိပ် ပြန်လည် စစ်ဆေးရာတွင်လည်း တီဘီရောဂါပိုး ဆက်လက်တွေ့ရှိနေ ခြင်း၊ ဓာတ်မှန်ဖြင့် ပြန်လည်စစ်ဆေး ရာတွင် တီဘီရောဂါတွေ့ရှိချက်များ ပိုမို၍ ဆိုးဝါးလာခြင်း စသည်ဖြင့် ရောဂါကုသမှုမအောင်မြင်သည့် လက္ခ ဏာများတွေ့ရှိပါက ဆေးယဉ်ပါး တီဘီသံသယဖြစ်ဖွယ်ရာရှိသည်ဟု ဆို နိုင်ပါသည်။ ဆေးယဉ်ပါးတီဘီကို ရောဂါ ရှာ ဖွေရန်အတွက် သံသယရှိလူနာ၏ သလိပ်ကိုယူ၍ ဓာတ်ခွဲခန်းတွင် ပိုး မွေးရပါသည်။
၎င်းပိုးများ တီဘီဆေး များနှင့် ယဉ်ပါးခြင်း ရှိ၊ မရှိကိုလည်း ဓာတ်ခွဲခန်းတွင် ဆက်လက်၍ စမ်း သပ်စစ်ဆေးရမည်ဖြစ်ပါသည်။ ဆေး ယဉ်ပါးတီဘီကုသရာတွင် ၂ နှစ်ခန့် ကြာမြင့်မည်ဖြစ်ပြီး ပုံမှန်တီဘီဆေး များသာမက ဆေးယဉ်ပါးတီဘီရောဂါ ကုသရန် သတ်မှတ်ထားသော ထိုး ဆေးအပါအဝင် ဆေးဝါးအသစ်များ ဖြင့် ကုသရမည်ဖြစ်ပါသည်။ ဆေးယဉ်ပါးတီဘီရောဂါကူးစက် ပြန့်ပွားမှုမရှိအောင် ထိန်းချုပ်နိုင်ရန် အတွက် သာမန်တီဘီရောဂါကဲ့သို့ပင် ရောဂါပိုးရှိသူထံမှ အခြားသူများသို့ ရောဂါကူးစက်မှုမရှိအောင် ကျန်းမာ ရေးဌာနမှ ညွှန်ကြားချက်များအတိုင်း နေထိုင်ပြုမူကြရန် လိုအပ်ပါသည်။ စကားပြော၊ နှာချေ၊ ချောင်းဆိုးရာ တွင် ပါးစပ်နှာခေါင်းစည်း (Surgical Mask) တပ်ဆင်အသုံးပြုခြင်း၊ သလိပ် ထွေးရာတွင် ပိုးသတ်ဆေးထည့်ထား သော အဖုံးပါခွက်ထဲသို့ထွေးပြီး တွေ့ ကရာစွန့်မပစ်ဘဲ တွင်းနက်နက်တူးပြီး စွန့်ပစ်ကာ မြေကြီးဖို့ခြင်း၊ ရေအိမ်ထဲ သို့ စွန့်ပစ်ခြင်း၊ မီးရှို့ခြင်း၊ အိပ်ခန်း၊ ဧည့်ခန်းစသည်များတွင် လေဝင်လေ ထွက်ကောင်းစေရန်အတွက် ပြတင်း တံခါးများကို ဖွင့်ထားခြင်း၊ ရောဂါရှိသူ နှင့် မိသားစုခြင်ထောင်တစ်ခုတည်း မအိပ်ခြင်း၊ အိမ်တွင် နေရောင်ခြည်နှင့် လေကောင်းလေသန့်ရစေရန် ဆောင် ရွက်ခြင်း၊ မျက်နှာသုတ်ပဝါ၊ လက်ကိုင် ပဝါ သီးသန့်ထားကာ လျှော်ဖွပ်ပြီး ပြန်လည်အသုံးပြုခြင်းစသည် စသည် နည်းလမ်းများကို ဂရုဏာထားကာ ကျင့်သုံးရန် လိုအပ်ပါသည်။ တီဘီရောဂါသည် ရောဂါပိုးရှိသူ ထံမှ တခြားသူထံသို့ လေထဲမှတစ် ဆင့် ကူးစက်ပျံ့နှံ့ပြီး အတူနေ အနီး ကပ်နေထိုင်သူများ (Contacts) ကို ကူးစက်နိုင်ခြေပိုများသောကြောင့် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိရောက်စွာ ကုသမှုပေးခြင်းက အ ရေးကြီးသကဲ့သို့ တစ်ဖက်ကလည်း တီဘီလူနာအနေဖြင့် ဆရာဝန် ညွှန် ကြားသည့်အတိုင်း ပျောက်ကင်းသည် အထိ စနစ်တကျ ဆေးဝါးကုသမှု ခံယူ ခြင်းသည်လည်း အရေးပါလှကြောင်း အသိပေးလိုပါသည်။ အထွေထွေရောဂါကု ဆရာဝန် များအနေနှင့်လည်း ဆေးယဉ်ပါးတီဘီ ရောဂါ သံသယရှိလူနာကို သက်ဆိုင် ရာ ဆေးယဉ်ပါးတီဘီကုသနိုင်သော အထူးကု ဆေးရုံ၊ ဌာနများသို့ စနစ် တကျ လွှဲအပ်ညွှန်းပို့ရန်လည်း လိုအပ် ပါသည်။
ဆေးယဉ်ပါးတီဘီရောဂါစတင် ဖြစ်ပွားလာမှုနှင့် ကူးစက်ပျံ့နှံ့လာမှု သည် အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖော်ဆောင်နိုင်ရေးအတွက် ကဏ္ဍ ပေါင်းစုံ၊ ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင် ဖို့လိုအပ်ကြောင်း မီးမောင်းထိုးပြ လျက်ရှိပါသည်။ ထို့ပြင် နိုင်ငံများရှိ ရနိုင်သမျှသော စွမ်းအားအရင်းအမြစ် များကို အသုံးချပြီး ဆေးယဉ်ပါးတီဘီ ရှာဖွေကုသမှုကို ပိုမို၍ လက်လှမ်းမီ လာအောင် ပြုလုပ်ရန်အတွက်လည်း ညွှန်ပြလျက်ရှိပါသည်။ ဆေးယဉ်ပါး တီဘီပြုစုကုသစောင့်ရှောက်မှုပေးရာ တွင် လူနာများအတွက် စိတ်ဓာတ် ရေး၊ လူမှုရေးနှင့် ငွေကြေးပံ့ပိုးမှု ဆိုင်ရာ ပြန်လည်ထူထောင်ရေးများ လည်း ပါဝင်ရာ ပြည်သူလူထုအား ထောက်ပံ့မှု (Community Support) မှာ အရေးကြီးသောအချက်တစ်ခု ဖြစ်လာပါသည်။
မြန်မာနိုင်ငံတွင်လည်း ဆေး ယဉ်ပါးတီဘီ စီမံချက်ကို ရှေ့နှစ်များ တွင် ပိုမို၍ တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ရာ အမျိုးသားတီဘီရောဂါ တိုက် ဖျက်ရေး စီမံကိန်းနှင့်အတူ လူမှုရေး အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အထွေထွေရောဂါ ကု ဆရာဝန်များ၊ ပုဂ္ဂလိက ကျန်းမာ ရေး စောင့်ရှောက်မှုပေးနေသူများ၊ ပြည်သူလူထုနှင့် တီဘီလူနာများပါ မကျန် ချမှတ်ထားသော မူဝါဒများနှင့် အညီ ပူးပေါင်းလက်တွဲဆောင်ရွက်ကြ ရန် အချိန်ကျရောက်နေပြီဖြစ်ပါသည်။ နိဂုံးချုပ်အားဖြင့် ဆေးယဉ်ပါး တီဘီရောဂါပြန့်ပွားကူးစက်မှု ကာ ကွယ်ရေး၊ ရှာဖွေဖော်ထုတ်ရေးနှင့် ကုသစောင့်ရှောက်မှုပေးရေး လုပ်ငန်း စဉ် အရပ်ရပ် အောင်မြင်စေရေး အတွက် ကျန်းမာရေးစောင့်ရှောက်သူ များသာမက ပြည်သူတစ်ရပ်လုံးကပါ အဆင့်ဆင့် အသိပေး၊ ပညာပေးခြင်း၊ လမ်းညွှန်ပံ့ပိုးဆောင်ရွက်ပေးခြင်း၊ မိမိ တို့ စွမ်းနိုင်သမျှ ကိုယ်အား၊ ဥာဏ် အား၊ စိတ်ဓာတ်အားတို့ဖြင့် အမျိုး သားရေး အသိစိတ်ဓာတ်ရှိရှိ ပါဝင် ဆောင်ရွက်ခြင်းသည် မရှိမဖြစ် လို အပ်ကြောင်း တိုက်တွန်းဖော်ပြလိုက် ရပါသည်။
ဒေါက်တာသက်နိုင်မောင်

0 comments:

Post a Comment

Adsens