Headline

Wednesday 16 November 2011

လည်ချောင်းရောင်ရမ်းတဲ့ရောဂါ

Health Digest
လည်ချောင်းနာ
လည်ချောင်းရောင်တယ်ဆိုတာ ဘာလဲ
နံနက် မိုးလင်း အိပ်ရာက နိုးလာ တဲ့အခါ လည်ချောင်း ထဲမှာ ရှတတကြီး ဖြစ်နေပြီး နာကျင် နေတာကို သတိ ထားမိနိုင်ပါတယ်။ ဒါကိုလည်ချောင်း နာတယ်လို့ အရပ်ထဲမှာ ပြောဆိုသုံး နှုန်းလေ့ရှိပါတယ်။ ပထမဦးဆုံး လည်ချောင်းရှတတ ဖြစ်လာပြီးနောက် နေရတာ ကသိကအောက် ဖြစ်လာ တယ်။ နာလာတယ်။ နောက်ပိုင်း အစာနှင့်ရေ မျိုလို့မရ လောက်အောင် နာကျင်လာတတ်ပါတယ်။
ဘာကြောင့် လည်ချောင်းနာရတာလဲ
များသောအားဖြင့်တော့ ဗိုင်းရပ်စ် ပိုးဝင်ခြင်းကြောင့် လည်ချောင်း နာလေ့ရှိပြီး ဗက်တီးရီးယားပိုးကြောင့် လည်ချောင်းရောင်ရမ်းတာမျိုးကတော့ အဖြစ်နည်းပါတယ်။

ဘာလက္ခဏာတွေ ခံစားရတတ် ပါသလဲ
လည်ချောင်းနာခြင်းကြောင့် ခံ စားရတဲ့ဝေဒနာတွေဟာ များသော အားဖြင့် တစ်ကြိမ်နဲ့ တစ်ကြိမ်တူလေ့ မရှိပါ။ ဖြစ်ပွားရတဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ခံစားရတဲ့ ရောဂါ ဝေဒနာ တွေ ပြောင်းလဲတတ်ပါတယ်။
အဖြစ်များလေ့ရှိတဲ့ လက္ခဏာ တွေကတော့ -
(၁) လည်ချောင်းနာခြင်း။
(၂) လည်ချောင်းရှတတဖြစ်ခြင်း။
(၃) စကားပြောတဲ့အခါ၊ အစာ၊ ရေ သို့မဟုတ် တံတွေး မျိုချတဲ့ အခါတွင် လည်ချောင်းနာခြင်း။
(၄) လည်ချောင်းဟာ ခြောက်သွေ့ နေသလို ခံစားရခြင်း။
(၅) လည်ချောင်းနားတစ်ဝိုက်(အထူး သဖြင့် မေးရိုးနှင့် လည်ပင်း) ရှိအကျိတ် ရောင်ရမ်းကာ အရွယ်အစား ကြီးမား လာခြင်း။
(၆) အာသီးများ ရောင်ရမ်းခြင်း။ ဗက်တီးရီးယားကြောင့် လည် ချောင်းနာတယ်ဆိုရင်အာသီးရောင်ရမ်း နီရဲလာကာပြည်တည်နေလို့အဖြူအဖတ် လေးတွေတောင် တွေ့ရတတ်ပါတယ်။
ဘယ်လိုကုသ နိုင်ပါသလဲ
ဖြစ်ပွားရတဲ့ အခြေခံ ကူးစက် ရောဂါပေါ် မူတည်ပြီး ဥပမာ ဗက်တီး ရီးယားကြောင့် ဖြစ်တာဆိုရင် ပဋိဇီဝ ဆေးပေး၍ သက်သာပျောက်ကင်း အောင် ကုသပေးနိုင်ပါတယ်။ တုပ်ကွေး ရောဂါကြောင့် လည် ချောင်းရောင်တာဆိုရင်တော့ ၂ရက်၊ ၃ရက်ကြာတဲ့အခါ သူ့ဘာသာသူ အလိုလို သက်သာသွားပါလိမ့်မယ်။ လည်ချောင်းနာနေချိန်မှာတော့ လည်ချောင်းနာ ပျောက်ငုံဆေးပြား လေးတွေ ဆေးဆိုင်တွေမှာ မေးဝယ် နိုင်ပါတယ်။ ရေနွေးပူပူတစ်ဖန်ခွက်ထဲကို ဆား လက်ဖက်စားဇွန်းတစ်ဇွန်းခန့်ထည့် ကာလည်ချောင်းအဝသို့ရောက်အောင် ငုံကာ ပလုတ် ကျင်းပေးပါ။
လည်ချောင်းမနာအောင် မေ၇ာင်ရမ်းအောင် ဘယ်လိုကာကွယ်နိုင်လဲ။
တစ်ကိုယ်ရေကျန်းမာရေးကို အထူးဂရုစိုက်ပါ။ ကူးစက်ရောဂါ အများစုကို ကာကွယ်နိုင်ပါတယ်။ အများသုံးတယ်လီဖုန်း၊ ဘတ်စ် ကားလက်ကိုင်တန်း/ကွင်း၊ အိမ်သာ တံခါး လက်ကိုင် စသည် တို့ကို ကိုင်တွယ် ပြီးပါက ရေ၊ ဆပ်ပြာတို့နှင့် လက်ကို သေချာစွာ ဆေးကြောလိုက်ပါ။
ဒေါက်တာရည်ညွန့်မေ

0 comments:

Post a Comment

Adsens