Headline

Monday 7 November 2011

ငါးစားခြင်းက Dementia ရောဂါအား ကာကွယ်နိုင်


news
ငါးစားခြင်းဟာ ဦးနှောက်သို့ သွေးစီးဆင်းမှုကို မြှင့်တင်ပေးခြင်း ကြောင့် သက်ကြီးရွယ် အိုများတွင် ဖြစ် လေ့ရှိသော ဦးနှောက်ထိခိုက် မှုကြောင့် ဖြစ်သော မှတ်Óဏ်ချို့ယွင်းမှုရောဂါ တစ်မျိုးဖြစ်သည့် Dementia ကို တွန်းလှန်ဖယ်ရှားနိုင်သည်ဟု လေ့လာ သူတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လေ့လာမှုနှစ်ခု၏ တွေ့ရှိချက် အရ အဆီများသော ငါးများတွင်တွေ့ ရသော အိုမီဂါ-၃ အဆီအက်စစ်ဟာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူများတွင် အကျိုးသက်ရောက်မှု များ ပြားနိုင်ပြီးခက်ခဲသော အလုပ်တာဝန် များ ထမ်းဆောင်ပြီးနောက်မှာလည်း စိတ်ပင်ပန်းနွမ်းလျမှုကို လျော့နည်းစေ နိုင်တယ်လို့ တွေ့ရပါတယ်။ Northmbria တက္ကသိုလ်မှ လေ့လာသူတွေက ဦးနှောက်သို့ သွေး စီးဆင်းမှု များစေခြင်းက လူကြီးတွေ အတွက် အရမ်းအရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။ လေ့လာသူ ခေါင်းဆောင် Dr. Philippa Jackson က "ဒီတွေ့ရှိ ခြင်းက အဆီများတဲ့ငါးများ ပုံမှန်စား သုံးခြင်းက အသိဥာဏ်လျော့ပါးကျ ဆင်းခြင်းနှင့် မှတ်Óဏ်ချို့ယွင်းမှုကို ကာကွယ်ပေးနိုင်တယ်။ ဒီအဆီ အက်စစ်ဟာ အသက်အရွယ်ကြီးသော သွေးစီးဆင်းစေခြင်းအပေါ် အကျိုး သက်ရောက်မှုကို ရှိတဲ့အတွက် ပုံမှန် အသက်အရွယ်လူများတွင် မှတ်ဥာဏ် ချို့ယွင်းခြင်းဖြစ်စဉ်တွင်လည်း အကျိုး သက်ရောက်မှုများ ရှိစေတယ်လို့ပြော ခဲ့ပါတယ်။

0 comments:

Post a Comment

Adsens