Headline

Showing posts with label သင်ခန်းစာ. Show all posts
Showing posts with label သင်ခန်းစာ. Show all posts

Tuesday, 19 July 2011

ဘုရားသခင် တကယ်ရှိပါသလား



(က) ဘုရားသခင်အကြောင်းကို ဘယ်လိုလေ့လာနိုင်မလဲ
(၁) သမ္မာကျမ်းစာ (နှုတ်ကပတ်တော်) အားဖြင့်လေ့လာခြင်း

“ ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည် ’’ ( လု ၂၁း၃၃ )
ကောင်းကင်ကြီးနဲ့ မြေကြီးပျောက်ကွယ်သွားရင်တောင် ကျန်ခဲ့မယ့်အရာဟာ နှုတ်ကပတ်တော်သမ္မာကျမ်းစာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျမ်းစာထဲမှပြောထားတဲ့ အကြောင်းအရာတွေကို လေ့လာခြင်းဟာ မပြောင်းလဲတော့မယ့်အရာကို လေ့လာခြင်းဖြစ်ပါတယ်။

“ ယေရှုကလည်း လူသည်မုန့်အားဖြင့်သာ အသက်မွေးရသည်မဟုတ်၊ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။ ” ( မဿဲ ၄း၎ )
လောကထဲမှာ အသက်ရှင်စဉ် ပါးစပ်ကနေ စားဖို့အတွက်ပဲအသက်ရှင်နေခြင်း မဟုတ်ဘဲ
ဘုရားသခင်ရဲ့နှုတ်တော်ထွက်စကားအားဖြင့် အသက်ရှင်ရမယ်လို့ ဆိုထားပါတယ်။
နေ့ရက်စဉ်တိုင်း နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်မှသာ ရန်သူစာတန်ရဲ့တိုက်ခိုက်မှုကို နှုတ်ကပတ်တော်အားဖြင့် ပြန်လည်ချေပနိုင်မှာဖြစ်တယ်။

Adsens