ဧည့်သည်ဟူသည်
ခရီးထွက်လျှင်
စရိတ်လည်းထောက်
လမ်းလည်းသိမှ
ခရီးပေါက်မည်
ဧည့်သည်ဟူသည်
လမ်းခရီး၌
ရေဆာတစ်လှည့်
ဗိုက်ဆာတစ်လှည့်
နွမ်းလျနေမည်
ဧည့်သည်ဟူသည်
အိမ်ရှင်အကြိုက်
အလိုက်သိကာ
အိမ်ရှင်ကျွေးသမျှ
ကျေးဇူးတင်မည်
ဧည့်သည်ဟူသည်
တည်းခိုနေခိုက်
သုံးလေသမျှ
အိမ်ပြန်သွားက
အကုန်ထားခဲ့မည်
ဧည့်သည်ဖြစ်သူ
အကြင်လူသား
သင်၏အိမ်ကား
အဘယ်မှာနည်း
ဘယ်သောအခါ
ဘယ်အရပ်သို့
အဘယ်လမ်းဖြင့်
အိမ်ပြန်မည်နည်း
0 comments:
Post a Comment