လောကကြီးမှာ ငါသာပထမ
ငါသာအမှန် ငါသာကောင်းတာမို့
အချိန်တိုင်း.ငါ ဟိုနေရာမှာ.ငါ
နေရာတိုင်း.ငါ ဒီနေရာမှာ.ငါ
ငါ.သာအနာဂါတ် ငါသာကမ္ဘာပတ်
ငါသာ.ပညာတတ် အတိတ်ဟာ.ငါ့အသက်
ပစ္စုပန်ဟာ.ငါ့အတွက် အချိန်တိုင်းဟာ.ငါ့ရမက်
ပြိုင်ဘက်မရှိ.ငါ နိုင်လက်ရှိတဲ့.ငါ
အပိုင်ကွက်သိတဲ့.ငါ ယိုင်ပျက်မှုမရှိတဲ့.ငါ
ပြည့်စုံတဲ့.ငါ စေံငုံတဲ့.ငါ
လုံခြုံတဲ့.ငါ ကုံလုံတဲ့.ငါ
ငါ.တစ်လုံးကို.အခါခါသုံး ငါ့.အသက်.ငါရှုရင်း
ငါ့.ထမင်း ငါစားရင်း ငါ့.ငွေ ငါသုံးရင်း
ငါ့.အချိန် ငါဖြုန်းရင်း ငါ့.အကြောင်း ငါ.တွေးရင်း
ငါ့.အကောင်း ငါရေးရင်း ငါ့.ကိုယ်ငါ ချီးမြှောက်ရင်း
ငါ့.အလိုနဲ့ငါ ခရီးထောက်ရင်း နောက်ဆုံးတော့ ငါ
မလွဲနိုင်တဲ့ "ငရဲ" အိုင်မှာ
လက်မထောင်ပြီး
"ငါ .. ငါ .. ငါ .. " လို့
အော်နိုင်သေးသလား ။
0 comments:
Post a Comment