စိတ်ချမ်းသာစွာနေထိုင်နည်း
ကောင်းတာလုပ်လဲ ၊ ကောင်းမြဲ မဖြစ် (ရောမ ၉း၁၅-၁၆)
စိတ်မညစ်နှင့် ၊ အဆိုးနှင့်အကောင်း
ဤနှစ်မျိုးသည် ၊ ဆိုးကာတစ်လီ (ဒေ ၇း၁၄)
ကောင်းချည်တစ်လှည့် ရှိနိုင်ခဲ့၏။
ကောင်းလှည့်ကြုံလာ ၊ဝမ်းပန်းသာလျှင်
ဆိုးခါနှင့် ကြုံ ၊ စိတ်မကုန်နှင့်။ (သု ၂၄း၁၀)
လူ့ဘုံကမ္ဘာ ၊ လူ့ရပ်ရွာ၌
မွေးလာသည်မှ ၊ သေဆုံးရတိုင်
သုခ ဒုက္ခ ၊ ဤ နှစ်ဝကို
မျှတခံစား ၊ သမ္မာတရားမို့
ဆိုးငြားသည်းခံ ၊ ကောင်းငြားစံလော့။ (က ၃း၁၆-၁၉)
ဘဝအလှည့်အပြောင်း ၊ မတိမ်းစောင်းရန်
ကောင်းသော သတိ ၊ဝိညာဉ် ဥဏ်မျက်စိဖြင့်
ဝိရီယထား ၊ အစဉ်ဆုတောင်း၍ (မ ၂၆း၄၁, ဧ ၆း၁၈)
သမ္မာတရားကို ဆင်ခြင်နှလုံးသွင်းပြီး နေတတ်ပါလျှင်
ချမ်းသာအမြဲ ရအံ့သတည်း။ (ဆ ၁၁၉း၉၂, ၁း၁-၃)
ခရစ်တော်၌သိမ်းပိုက်ခြင်းကင်းမဲ့သော
ကံသာ ( Kamta )
0 comments:
Post a Comment