Headline

Monday, 24 October 2011

အစာအိမ်ရောဂါဖြစ်ခြင်းအကြောင်း

ဆရာဝန် များက ဆယ်စုနှစ်နှင့် ချီပြီး ယူဆထား ခဲ့သလို အစာအိမ်နာ (Stomach Ulcer) ရဲ့ အဓိက လက်သည် တရားခံဟာ မကောင်းတဲ့ အစား အသောက် (Bad Diet) နှင့် စိတ်ဖိစီးမှု (Stress) ဖြစ်တယ်လို့ မယူဆနိုင် တော့ပါဘူး။ အဓိက အ ကြောင်းရင်းက Helicobacter pylori ဗက်တီးရီးယားကြောင့် ဖြစ် နိုင်တယ်လို့ တွေ့ရှိထားကြပါတယ်။ အရက်အလွန် အကျွံ သောက်ခြင်း၊ ဆေးလိပ် သောက်ခြင်း၊ အက်စ်ပရင် များများ သောက်ခြင်းနှင့် စိတ်ဖိစီးမှု တွေက အစာအိမ်နာ ဖြစ်စေရန် အား ပေးတဲ့ အကြောင်း အချက်များ ဖြစ်နိုင် ပါတယ်။ သင့်မှာ ရင်ဘတ်အပေါ်ပိုင်း ပူလောင်တဲ့ နာကျင်မှုမျိုး ခံစားလာ တဲ့အခါ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင် သင့်တယ်။ ဆရာဝန်က သင့်အားသင့် တော်တဲ့ ဆေးဝါးများ ဖြင့် ကုသပေး ပါလိမ့်မယ်။ အက်စစ် အထွက်နည်း စေတဲ့ဆေးများနှင့် ပဋိဇီဝ ပိုးသတ်ဆေး များ ပေးကောင်း ပေးပါလိမ့် မယ်။ သင့်ဘာသာပြုလုပ်ရမှာကတော့ စိတ် ဖိစီးမှုကို လျှော့ချရေး နည်းလမ်းများ (Stress Manage-ment Techniques) ပဲ ဖြစ်တယ်။ စိတ်ဖိစီးမှုက အစာအိမ် အတွင်း အက်စစ်ပိုမို ထွက်ရှိခြင်းကို ဖြစ်စေတာကြောင့် စိတ်ဖိစီးမှုကို လျှော့ချစေနိုင်မည့် တရားထိုင်ခြင်း၊ အသက် ပြင်းပြင်း ရှူခြင်း၊ ယောဂလေ့ ကျင့်ခန်း စသည်တို့ကို ပြုလုပ်သင့် ပါတယ်။ Ref : Do-it Yourself Health (Time Life Books)

0 comments:

Post a Comment

Adsens