Headline

Tuesday 18 October 2011

ရေသောက်ခြင်း၏အကျိုးကျေးဇူး


သင့်ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ရေကိုသောက်သုံးဖြစ်ရဲ့လား။ ယေဘုယျအားဖြင့် အာဟာရ ပညာရှင်တွေက ရေနဲ့ ပတ်သက်ပြီး

“8 x 8 rule” ကိုချမှတ် ထားပါတယ်။ တစ်နေ့မှာ ရေရှစ်အောင်စ ပါတဲ့ ဖန်ခွက်ရှစ်ခွက်ပြည့်အောင် သောက်ပေးရပါမယ်တဲ့။ အားကစားလုပ်ရင် ဒါမှမဟုတ်ချွေးထွက်တာ များရင်တော့ ရေကို ပိုသောက်ပေးဖို့ လိုအပ်ပြီးတခြားဖျော်ရည်တွေ သောက်ရင် ရေကိုလျှော့သောက် ပေးနိုင်ပါတယ်။

ရေသောက်တဲ့အတွက် ရရှိနိုင်တဲ့ အကျိုးအာနိသင်ကတော့ ခုနစ်မျိုးရှိပါတယ်။

**

*၁။ သွယ်လျစေခြင်း*

ကိုယ်အလေးချိန် လျော့ကျလိုပါသလား။ အစာမစားခင် ရေတစ်ဖန်ခွက် သောက်လိုက်ပါ။

ရေသောက်လိုက်တဲ့ အခါ ဗိုက်ပြည့်တဲ့ ခံစားချက်ရသွားပြီး ကယ်လိုရီများတဲ့ အစားအစာတွေကိုစားချင်စိတ်လျော့နည်း သွားပါတယ်။ ဒါ့အပြင် ရေသောက်တာက ဇီဝရုပ် ဖြစ်ပျက်မှုအားကောင်းစေတဲ့ အတွက် အပိုကယ်လိုရီတွေကို လောင်ကျွမ်း သွားစေပါတယ်။

**



*၂။ စွမ်းအင်တိုးစေခြင်း*

ပင်ပန်းနွမ်းနယ်ကာ အားအင်ကုန်ခန်းသလို ခံစား နေရရင် ရေတစ်ဖန်ခွက် သောက်လိုက်ပါ။ ရေဓာတ် ခန်းခြောက် ခြင်းကြောင့် သင်ဟာ နုံးချည့်ပြီး ပင်ပန်းနေတတ်ပါတယ်။ရေဟာခန္ဓာကိုယ်ထဲက ဆဲလ်တွေဆီ အောက်ဆီဂျင်နဲ့ တခြားမရှိမဖြစ် အာဟာရတွေပို့ဆောင်ပေး နိုင်အောင် ကူညီပေးပါတယ်။ ရေဓာတ်ပြည့်ဝ နေရင် သင့်နှလုံးဟာခန္ဓာကိုယ် တစ်လျှောက် သွေးပို့ပေးဖို့ ပင်ပင်ပန်းပန်း အလုပ်လုပ်စရာ

မလိုတော့ပါဘူး။

**

*၃။ စိတ်ဖိစီးမှု လျော့ကျစေခြင်း*

ဦးနှောက် တစ်သျှူးတွေရဲ့ ၈၅ ရာခိုင်နှုန်းက ရေတွေ ဖြစ်ပါတယ်။ ရေဓာတ်ခန်းခြောက်နေရင် သင့်ခန္ဓာကိုယ်ရော စိတ်နှလုံးပါ ဖိစီးနွမ်းနယ်နေတတ်ပါတယ်။စိတ်ဖိစီးမှုအဆင့်လျော့ကျဖို့အတွက် အလုပ်စားပွဲမှာ ရေပုလင်းထားရှိပြီး မကြာခဏ သောက်ပါ။

**

*၄။ ဆီးကျောက်တည်မှု နည်းစေခြင်း*

ရေကို လုံလုံလောက်လောက် မသောက်တဲ့ သူတွေမှာ ဆီးကျောက်တည်တဲ့နှုန်း မြင့်တက်လာပါတယ်။ ရေဟာ ဆီးကျောက်ဖြစ်လာစေမယ့် ဆားနဲ့ သတ္တုဓာတ်တွေကိုပျော်သွားစေတာကြောင့် ရေသောက်များတဲ့သူတွေမှာ ဆီးကျောက်တည်နှုန်း နည်းရတာပါ။

**

*၅။ ကြွက်သား သန်မာစေခြင်း*

ရေသောက်တာဟာ ကြွက်တက်ခြင်း မဖြစ်အောင် ကာကွယ် ပေးပြီး ခန္ဓာကိုယ်က အဆစ်တွေကိုလုပ်ဆောင် အားကောင်း စေပါတယ်။ ရေဓာတ်ပြည့်ဝနေရင် ခန္ဓာကိုယ်ကြွက်သားနဲ့အရိုးအဆစ်တွေကို ကြာကြာ ပြုလုပ်နိုင်ပါတယ်။

**

*၆။ အရေပြား တင်းရင်းစေခြင်း*

ရေဓာတ်ခန်းခြောက် နေချိန်မှာ အရေးကြောင်းတွေ သိသာနေ တတ်ပါတယ်။ ရေဆိုတာ သဘာဝအရေပြား တင်းရင်း စေတဲ့အရာပါ။ ရေသောက်တာ ကြောင့် အရေပြားဆဲလ်တွေ အစိုဓာတ်ရစေပြီးတင်းရင်းပြည့်ဖြိုး စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက် တွေထွက်သွားစေပြီး သွေးလှည့်ပတ်မှု အားကောင်းကာ မျက်နှာ အသားအရေ ကြည်လင်တောက်ပစေပါတယ်။

**

*၇။ အစာကြေညက်စေခြင်း*

အမျှင်ဓာတ်လိုပဲ ရေဟာ အစာကြေညက် စေပါတယ်။ ရေဟာ မကောင်းတဲ့ အရာတွေကိုပျော်စေပြီး အစာခြေ လမ်းကြောင်းက တစ်ဆင့် ချောချောမွေ့မွေ့ ထွက်ရှိနိုင်အောင်ကူညီပေးတတ်ပါတယ်။ရေဓာတ်ခန်းခြောက် နေရင် ခန္ဓာကိုယ်က ရေအားလုံး စုပ်ယူကာ စွန့်ပစ်ပစ္စည်းတွေထွက်ရှိဖို့ ခက်ခဲသွားစေပါတယ်။

0 comments:

Post a Comment

Adsens