Headline

Thursday 13 October 2011

သစ်သီး နှင့် ဟင်သီးဟင်ရွက်


ဈေးများအတွင်းရှိ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များတွင် ဘက်တီးရီးယားပိုးမွှား များစွာပါရှိနေပြီး ယင်းကိုဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နှင့် သန့်စင်ပါက ထိရောက်သော အကျိုးအာနိသင်ရှိကြောင်း ဆေးသုတေသနဦးစီးဌာန(အောက်မြန်မာပြည်)တွင် တရားဝင်ဖတ်ကြားတင်သွင်းသွားသော စာတမ်းအရသိရသည်။ အဆိုပါ သုတေသနတွင် သစ်သီး(ပန်းသီး၊ စပျစ်သီး၊ ဆီးသီး၊ မာလကာသီး၊ စတော်ဘယ်ရီသီး)နှင့် ဟင်းသီးဟင်းရွက် (ဂေါ်ဖီ၊ နံနံပင်၊ ဆလတ်ရွက်၊ ခရမ်းချဉ်သီး၊ မြင်းခွာရွက်) တို့ကို အဏုဇီဝဗေဒဆိုင်ရာ ဓာတ်ခွဲလေ့လာခြင်းနှင့်ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်၏ ဘက်တီးရီးယားပိုးများအပေါ်တွင် အာနိသင်ရှိမှုကို စမ်းသပ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ စမ်းသပ်ရာတွင် သစ်သီးနှင့် ဟင်းသီးဟင်းရွက် နမူနာအားလုံးတွင် အသက်ရှင်နိုင်သော ဘက်တီးရီးယားအရေအတွက်မှာ မရေတွက်နိုင်အောင် စမ်းသပ်တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နှင့် စိမ်ပြီး ပြန်လည်စမ်းသပ်ရာတွင်ခရမ်းချဉ်သီး၊ ဂေါ်ဖီနှင့် အားလုံးသော သစ်သီး နမူနာများတွင် အရေအတွက်မှာ သိသာထင်ရှားစွာ ကျဆင်းသွားသော်လည်း နံနံပင်၊ ဆလတ်ရွက်၊ မြင်းခွာရွက်နမူနာများတွင် သိသာထင်ရှားစွာ ကျဆင်းသွားခြင်းမရှိသည်ကို စမ်းသပ်တွေ့ရှိရကြောင်း သိရသည်။အထက်ပါ စမ်းသပ်ချက်များအရရန်ကုန်မြို့ရှိ ဈေးများမှ ၀ယ်ယူသောသစ်သီးနှင့် ဟင်းသီးဟင်းရွက်များသည်ဘက်တီးရီးယားဗေဒဆိုင်ရာ အရည်အသွေးမကောင်းမွန်ကြောင်းနှင့် ဟိုက်ဒရိုဂျင်ပါ အောက်ဆိုက်နှင့် သန့်စင်ပါကအကျိုးအာနိသင်ရှိကြောင်း သိရသည်။သစ်သီးနှင့် ဟင်းသီးဟင်းရွက်များသည် စတင်စိုက်ပျိုးသည့်အချိန်မှ အသုံးပြုသည့်အချိန်အထိ ရောဂါပိုးအမျိုးမျိုးနှင့် ထိတွေ့ညစ်ညမ်းစေနိုင်သောအလားအလာရှိကြောင်း သိရသည်။

0 comments:

Post a Comment

Adsens