Headline

Wednesday 16 November 2011

ပညတ်တရား၏အထက်မှာရှိတော်မူသော ခရစ်တော်

ရွှေကျမ်းချက်။   ။ပညတ္တိကျမ်း။အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှာ၊ငါလာသည်ဟုမထင်ကြနှင့်။
                   ဖျက်ပယ်ခြင်းငှာငါလာသည်မဟုတ်။ပြည့်စုံစေခြင်းငှာငါလာသတည်း(မ၊၅း၁၇)။
သမ္မာကျမ်းစာ(Dake's Bible-KJV)တွင်မောရှေ၏ပညတ်တရား(၃၇၁၃)ခုရှိကြောင်းကို
ခေါင်းစဉ်တစ်ခုစီဖြင့်ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။ထာဝရဘုရားသခင်သည် လူသားအပေါင်းတို့
ကိုကယ်တင်နိုင်ဖို့ရန်အတွက် လူဇာတိခံယူလျက် ကိုယ်စားအသေခံပေးခြင်းမှတပါးအခြားနည်းလမ်းမရှိ
တော့ပေ(က၊၃း၁၅)။ ထို့ကြောင့် လူ့ဇာတိကိုခံယူနိုင်ရန် က္ကသရေလလူမျိုးတော်ကိုရွေးကောက်လျက် ဘုရား
သခင်ကိုယုံကြည်ကိုးကွယ်သောလူမျိုး၊သန့်ရှင်းသောလူမျိုးဖြစ်စေရန် မောရှေအားဖြင့်ပညတ်တရားများစွာ
ကိုပေးထားခြင်းဖြစ်သည်(တရား၊၅း၆)။ ဘုရားသခင်သည်မည်သူတစ်ဦးတစ်ယောက်နှင့်မျှဆွေးနွေးတိုင်ပင်
ခြင်းသဘောတူညီမူရယူခြင်းဖြင့်ပညတ်တရားများကိုရေးဆွဲထားလျက် မောရှေအားပေးထားခြင်းမဟုတ်
ပေ။ ပညတ်တရားများ၏အရှင်သခင်ဖြစ်တော်မူသောခရစ်တော်ကိုယ်တော်တိုင် လူ့ဇာတိကိုခံယူလာသော
အခါ ပညတ်တရားများကိုသိရှိနားလည်လှပြီး၊ကျွမ်းကျင်လှပြီ၊လိုက်လျှောက်နိုင်ခဲ့ကြပြီဟု၊ မိမိကိုယ်ကိုအထင်
ကြီးအမြင်ကြီးနေကြသောဖါရိရှဲများ ကျမ်းတတ်ပုဂ္ဂိုလ်များတို့သည် သခင်ယေရှုခရစ်တော်အားပညတ်တရားများ
အားဖြင့် ထိုးနှက်တိုက်ခိုက်ကြလေတော့သည်။

သို့သော် သခင်ယေရှုခရစ်တော်သည် ပညတ်တရားများ၏အရှင်သခင်ဖြစ်သောကြောင့် ကျမ်းတတ်ပုဂ္ဂိုလ်
များကဲ့သို့မဟုတ်ဘဲ၊အရှင်သခင်ကဲ့သို့ "ငါပညတ်သည်ကား" "ငါအမှန်အကန်ဆိုသည်ကား" ဟူ၍
ပညတ္တိကျမ်းအသစ်ကိုပေးတော်မူ၏။ ထိုပဋိညာဉ်တရားသစ်အတွက်ပင်လျှင် အသွေးတော်ကိုသွန်း
လောင်း၍လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံရခြင်းဖြစ်သည်။(မဿဲ၊၂၆း၂၈)
မှတ်ချက်။  ။ပညတ္တိကျမ်းအဟောင်းနှင့်ပညတ္တိတရား၊အသစ်မည်ကဲ့သို့ခြားနားကြောင်းအသေးစိတ်ကို
စာမျက်နှာ(၁၅)မှာ ဖော်ပြထားပါသည်။ ပညတ်တရား၏အထက်၌ရှိတော်မူသောခရစ်တော်သည်စုံလင်ခြင်း
မရှိသော ပညတ်တရားများကိုမည်ကဲ့သို့ပြန်လည်သွန်သင်ဟောကြားခြင်းပြုမူဆောင်ရွက်ခြင်းများကို ပြုလုပ်
ပါသနည်း။ အချို့ကိုဖော်ပြပါမည်။
၁။ လူအသက်ကိုမသတ်ရ ဟူသောပညတ်ချက်ကို ခရစ်တော်ကညီအစ်ကိုကိုအမျက်မထွက်မကဲ့ရဲရ။မကျိန်ဆဲရ
ဟုမိန့်တော်မူ၏ (မဿဲ၊ ၅း၂၁-၂၆)။
၂။ သူ့မယားကိုမပြစ်မှားရဟူသောပညတ်ကိုလည်းကိလေသာစိတ်နှင့်ပင် မပြစ်မှားဖို့ သွန်သင်သည်
(မဿဲ၊ ၅း၂၇-၃၂)
၃။ရန်သူကိုမုန်းလော့ဟူသော ပညတ်ကိုလည်းခရစ်တော်က ရန်သူကိုချစ်ပါဟု ပညတ်တော်မူ၏
(မဿဲ၊ ၅း၄၃-၄၈)
၎။ မည်ကဲ့သို့ဆုတောင်းရမည့်အကြောင်း၊မည်ကဲ့သို့အလှူပေးရမည်အကြောင်း၊မည်ကဲ့သို့အစာရှောင်ရမည့်
အကြောင်းများကိုလည်းဖါရိရှဲများ၊ ကျမ်းတတ်ပုဂ္ဂိုလ်များပြုကျင့်နေသောအကျင့်နှင့်မတူသော ပညတ်သစ်
များကိုပေးလေ၏ (မဿဲ၊ ၆း၁-၁၈)
၅။ အပြင်ပန်းသဏ္ဍာန်ထက်အတွင်းစိနှလုံးသန့်ရှင်းဖြူစင်ဖို့ရန်လည်းများစွာဆုံးမသွန်သင်တော်မူ၏
( မဿဲ၊ ၇း၃-၅၊ ၁၅-၂၀)
၆။ ဥပုသ်နေ့နှင့်ပတ်သက်၍လည်းလူသားသည်ဥပုသ်နေ့ကိုအစိုးရသူဖြစ်ဖြစ်ကြောင်းဆုံးမတော်မူ၏
( မဿဲ၊ ၁၂း၁-၈)။
၇။ မှားယွင်းသောမိန်းမကိုလည်း ပညတ်တရားအရ အသေသတ်ကြဖို့ပြင်ဆင်နေကြသူများကို သင်တို့
တွင်အပြစ်ကင်းသောသူသည် ကျောက်ခဲနှင့်ရှေ့ဦးစွာပစ်စေဟုမိန့်တော်မူ၏( ယော၊၈း၁-၁၁)။
၈။ ပညတ်တရားအရ ငရဲ၌ခြူးကပ်မည့်သူများဟူ၍သတ်မှတ်ခြင်းခံရသောလူ့တံထွေး၌ပက်လက်မျှောနေကြ
သောအခွန်ခံများပြည့်တန်ဆာများကိုပင်လျှင် ခရစ်တော်က လူသားသည်ပျောက်သောသူများကို ရှာရန်၊
အပြစ်ရှိသောသူများကိုကယ်တင်ရန်ဤလောကသို့ကြွလာသောသူဖြစ်ကြောင်းမိန့်တော်မူလျက်အခွန်ခံများကို
ပင်လျင် ငါ့နောက်သို့လိုက်လော့ဟု ဖိတ်ခေါ်တော်မူသည်(မာ၊၂း၁၃-၁၇၊ လု၊၇း၃၆-၅၀)။
၉။ ဘုရင်မင်းများ၏အထက်မှာရှိ၏။ "အထက်အရပ်မှအမိန့်မရလျှင် မင်းကြီးသည် ငါ့ကိုအဘယ်သို့မျှမပြုနိုင်"
ဟုမိန့်တော်မူ၏ (ယော၊ ၁၉း၈-၁၂)။
၁၀။ ပညတ်တရားအလုံးစုံတို့သည် ကျိန်ခြင်းကိုဖြစ်စေ၏။(တရား။၂၇း၂၆၊ ယာ၊ ၂း၁၀၊ ဂလာ၊၃း၁၀၊ ရော၊၇း၁၃)။
၁၁။ ပညတ်တရားအားဖြင့်မည်သူမျှဖြောင့်မတ်နိုင်ခြင်းမရှိ။(ရော၊၃း၂၀၊ ၇း၁၈-၂၁၊ ဂလာ၊ ၂း၂၁)။
၁၂။ ခရစ်တော်၏ပညတ်တရားတော်တည်းဟူသောကျေးဇူးတော်တရားအားဖြင့်သာလျှင် ဖြောင့်မတ်သော
ဆုကျေးဇူးကိုခံစားရရှိ၍ ကယ်တင်ခြင်းကိုရရှိကြမည်ဖြစ်သည်။(ဧ၊ ၂း၈-၉၊ ၁တိ၊၁း၉-၁၀၊ ရော၊၅း၈၊ ၅း၁၇-၁၉)။

0 comments:

Post a Comment

Adsens