Headline

Wednesday 16 November 2011

အသက်ခန့်မှန်းလို့ မရအောင်နုပျိုချင်ရင်

Health Digest
မိတ်ကပ် လိမ်းနည်း
အသားအရေ ထိန်းသိမ်း စောင့်ရှောက် မှုကို ပုံမှန်ပြု လုပ်လိုက်ပါ လူတိုင်း ကတော့ နုပျိုချင်ကြ တာပါပဲ။ ဒါပေမယ့် အသား အရေကို ပုံမှန် ထိန်းသိမ်း စောင့်ရှောက် တဲ့သူနဲ့ အသား အရေလှပမှုကို ဂရုမစိုက်နိုင်တဲ့သူ၊ ဂရုမစိုက်ဖြစ်တဲ့သူ ယှဉ်ကြည့်ရင် ကွာပါတယ်။ အသားအရေ ပုံမှန်ထိန်းသိမ်းစောင့်ရှောက်တဲ့သူက သူ့အသက်အမှန်ကို ခန့်မှန်း လို့မရ အောင် နုပျိုနေမှာဖြစ်ပြီး အသားအရေ ပုံမှန်ထိန်းသိမ်းစောင့်ရှောက်မှု မရှိတဲ့သူ တွေက တော့ သူ့အသက်အရွယ်အလိုက်အိုမင်းမှုကို ခံစားကြရမှာပါပဲ။
ဒါ့ကြောင့် ကိုယ့်အသက်အရွယ်ကို အမှန်အတိုင်း ခန့်မှန်းလို့မရအောင် နုပျိုချင် တယ် ဆိုရင်တော့ အသား အရေထိန်းသိမ်းစောင့်ရှောက်မှုကို ပုံမှန် ပြုလုပ်လိုက်ပါ။
(၁) မျက်နှာပြင်ပေါ်ရှိ အညစ်အကြေး များကို သန့်စင်စေရန် ဦးစွာ Lipo Q 10 Massage Cleansing ဖြင့် သန့်စင်ပေးပါ။ Lipo Q 10 Massage Cleansing ကို Makeup Remover အနေဖြင့်လည်း အသုံးပြုနိုင် ပါတယ်။ Lipo Q 10 တွင် ပါဝင်သော ဗီတာမင် C နှင့် Q10 ဓာတ်များကြောင့် အသား အရေဟာလှပတင်းရင်းလာမှာဖြစ်ပါတယ်။

(၂) Mega Beauty စက်မျက်နှာပြင် ပေါ်တွင် Lipo Q 10 Lotion ထည့်ပြီး ထိုစက်မှ 1 C ခလုတ်ကိုနှိပ်ကာ မျက်နှာ ပြင်ကို ထပ်မံသန့်စင်ပေးရပါမယ်။ ထိုစက် ကို သုံးခြင်းဖြင့် မျက်နှာပေါ်တွင် ကျန်ရှိနေ သော အညစ်အကြေးများကို သာမန်ထက် လေးဆ ပို၍သန့်စင်စေပါတယ်။
(၃) မျက်နှာအသားအရေ ထိန်းသိမ်း စောင့်ရှောက်မှုအတွက် အထူးထုတ်လုပ် ထားသော Treatment Gel ကို Beauty Sonic စက်ပေါ်တွင်ထည့်ပြီး မျက်နှာပြင် အနှံ့လိုက်ပွတ်ပေးရပါတယ်။ ဒီလိုလုပ်ခြင်း ဖြင့် လူ့ခန္ဓာကိုယ်မှ ထွက်ရှိသော မယ်လနင် ဓာတ်ကိုတားဆီးပေးပြီး အရေးအကြောင်း များကို ပျောက်စေပါတယ်။ ဒါ့အပြင် အသားအရေကို တင်းရင်းလှပစေပြီး အရွယ်တင် နုပျိုစေနိုင်ပါတယ်။
(၄) Libestage Brighte Mask ဖြင့် မျက်နှာကို ၁၅ မိနစ်ခန့် ပေါင်းတင်ပေး ရပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် မျက်နှာပြင် ဝင်းပကြည်လင်မှုကို ရရှိစေမှာဖြစ်ပါတယ်။
(၅) Mega Beauty စက်မျက်နှာပြင် ပေါ်သို့ Lipo Q 10 Lotion တင်ပြီး စက်မှ ၂ဃ ခလုတ်ဖြင့် မျက်နှာပြင်အား ရေဓာတ်နှင့် အဆီဓာတ်ညီမျှအောင် ပြု လုပ်ပေးရပါတယ်။ သို့မှသာ မျက်နှာပြင်တွင် ခြောက် သွေ့လွန်း၊ အဆီပြန်လွန်းခြင်း မရှိဘဲ ကြည်လင်စေမှာဖြစ်ပါတယ်။
(၆) နောက်ဆုံးမှာတော့ Lipo Q 10 Milk နဲ့ Essence ကိုလိမ်းပြီး မျက်နှာ ပြင်အရေပြားကို အကောင်းဆုံး ထိန်း သိမ်းထားနိုင်ပါတယ်။ ယခုဖော်ပြထားတဲ့ အသားအရေ ထိန်းသိမ်းနည်းကို ရန်ကုန်မြို့၊ ကျောက်တံ တားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း (အထက်)ရှိ IHBC (ပထမထပ်)တွင် ဖွင့်လှစ်ထားသောNaris Cosmetic တွင် သွားရောက်လေ့လာခဲ့ခြင်းဖြစ်ပါတယ်။ Naris Cosmetic တွင် ဒီလို အသားအရေ ထိန်းသိမ်းခြင်း တစ်ကြိမ် ပြုလုပ်ပါက ငွေကျပ် ၁၅၀ဝ၀ ကျသင့် ပြီး Package ကို ဝယ်ယူပါက တစ်ကြိမ် အခမဲ့ပြုလုပ်ပေးကြောင်း သိရှိရပါတယ်

0 comments:

Post a Comment

Adsens