Headline

Wednesday 16 November 2011

ရွက်ကျပင်ပေါက်ပင် ဆေးဖက်ဝင်ပုံ

Health Digest
 ရွက်ကျပင်ပေါက်ပင် ဆေးဖက်ဝင်ပုံ
ရွက်ကျ ပင်ပေါက် သည် တိုင်းရင်း ဆေးဖက်ဝင် အပင်များ အနက် အိမ် တွင် အလှစိုက် စိုက်ပျိုး လေ့ရှိသည့် အပင် တစ်မျိုး ဖြစ် ပါသည်။ အချို့နေရာ ဒေသများတွင် အလေ့ ကျ ပေါက်ပင် များ အဖြစ်လည်း တွေ့မြင်နိုင်ပါသည်။ ဥတုရာသီမရွေး အမြဲစိမ်းလန်းနေ သော အပင်မျိုးဖြစ်ပါသည်။ ရုက္ခ ဗေဒအမည်မှာ Bryophyllum Calycinum Salisb ဖြစ်ပြီး Life Plant သို့မဟုတ် Air Plant ဟုလည်း ခေါ်ပါသည်။ အရွက်ရှည်နှင့် အ ရွက်ဝိုင်းဟူ၍ အပင်နှစ်မျိုးနှစ်စား ရှိပါသည်။
မြန်မာတိုင်းရင်းဆေးကျမ်း
ရွက်ကျပင်ပေါက်သည် ဖန်သော အရသာရှိပါသည်။ ဝမ်းသွားစဉ် သွေး ပါခြင်း၊ ဒဏ်ရာသွေးထွက်ခြင်း၊ ရုတ် တရက် နှာခေါင်း၊ ပါးစပ်၊ မျက်စိ အတွင်းမှ သွေးယိုခြင်းတို့တွင် လျင် မြန်စွာ သွေးတိတ်စေသည့် အာနိသင် ကိုရရှိစေနိုင်သည်။ ပြည်တည်နေသော အနာများ၊ သွေးပုပ်များ၊ မန်းရည်များ ဆေးကြောရာတွင် ရွက်ကျပင်ကို ဆေးဝါး အဖြစ်ပါဝင်အသုံးပြုစေခြင်းဖြင့် အနာသန့်ရှင်းစင်ကြယ်စေကာ အ သားနု အမြန်တက်စေနိုင်ပါသည်။ အထူးသဖြင့် သွေးကြောငယ်များ ကျုံ့ သွားခြင်း အာနိသင်ကို ရရှိစေနိုင်ပါ သည်။

အရေပြားအတွက် ဆေးဖက်ဝင် အပင်
ရွက်ကျပင်ပေါက်အရွက်ကို ကြိတ်၍ရရှိသောအရည်ကို လိမ်းပေး ခြင်းဖြင့် အရေပြားပြဿနာများဖြစ် သော မွေးကျွတ်နာ၊ မီးလောင်ဒဏ် ရာ၊ အနာစက်ပေါက်ခြင်းတို့ကို သက် သာစေနိုင်ပါသည်။ ထို့အပြင်ထိခိုက် ရှနာ ဒဏ်ရာများကို ရွက်ကျပင် ပေါက်ကို မီးကင်၍ ကပ်ပေးခြင်းဖြင့် သွေးတိတ်စေပြီး အသားနုအမြန်တက် စေကာအနာကျက်လွယ်စေနိုင်ပါသည်။
သူငယ်နာရောဂါကုဆေး
ဤဆေးနည်းမှာ မြန်မာ့တိုင်းရင်း သုံးခဲ့သည့် ဆေးနည်းဖြစ်ပါသည်။ မျိုးဆက်သစ်များ အသုံးချစေလိုသော စေတနာနှင့်တင်ပြထားပါသည်။ ဆေး နည်းမှာ ရွက်ကျပင်ပေါက်ကို ကြိတ်၍ ရရှိသောအရည် (သတ္တုရည်) စတီး ဇွန်းတစ်ဇွန်းခန့်ကို မီးနွေးနွေးပြကာ ကလေးသူငယ်၏ ဝမ်းဗိုက်တွင် လိမ်း ပေးခြင်းဖြင့်ကလေး သူငယ်များ ဝမ်း ချုပ်ရာမှ လေနာထခြင်း၊ လေအောင့် ခြင်း၊ လေထိုးခြင်းများကို သက်သာ စေနိုင်ပါသည်။
ကလေးသေွးဖျဉ်း လေဖျဉ်း ကုသနည်း
ဆက်လက်၍ တင်ပြမည့် ကုသ နည်းမှာ လေဖျဉ်း၊ သွေးဖျဉ်းနှင့် အဖျဉ်းရောဂါများကို ရွက်ကျပင်ပေါက် အပင်နှင့် ကုသနည်းပင် ဖြစ်ပါသည်။ ရွက်ကျပင်ပေါက်သတ္ထုရည် တစ်ဆ၊ ရေနံဆီတစ်ဆ၊ မုန်ညင်းတစ်ဆတို့ ရောစပ်၍ ပုလင်းတစ်ခုတွင် ထည့် ထားပါ။ ဆေးလိမ်းမည်ဆိုပါက ဆေး များသမစေရန် ပုလင်းကိုလှုပ်ပြီးမှ ကလေး၏ ဝမ်းဗိုက်ပေါ်ကို လိမ်းပေးပါ။ ထိုသို့ တစ်နေ့နှစ်ကြိမ်လိမ်းပေးရုံဖြင့် အဖျဉ်းစွဲရောဂါ မှန်သမျှကို ပျောက် ကင်းသက်သာစေနိုင်မှာ ဖြစ်ပါသည်။
မျက်စိနာခြင်း
မျက်စိနာခြင်းကို အပူဓာတ် လွန်ကဲခြင်းနှင့် အအေးဓာတ်(သီတနာ) လွန်ကဲခြင်း(ဥဏှ)ဟူ၍ မြန်မာ့ရိုးရာ ဆေးပညာကဏ္ဍတွင် သတ်မှတ်ထား ပါသည်။ အဆိုပါ ဥဏှလွန်မျက်စိနာ ခြင်းနှင့် သီတလွန်မျက်စိနာခြင်းကို ကုသရာတွင် အသုံးဝင်စေပါသည်။ သီတလွန် မျက်စိနာကုသနည်းမှာ ရွက်ကျပင်ပေါက်အရွက်အနည်းငယ်ကို ကြိတ်ကာ နနွင်းတက်မှုန့်အစစ် အ နည်းငယ်နှင့်ရောစပ်၍ အပူအနည်း ငယ်တိုက်ကာ မျက်ခွံတွင် အုံပေးထား နိုင်ပါသည်။ ဥဏှအခြေခံ၍ဖြစ်သော မျက်စိနာရောဂါကုသနည်းမှာ လတ် ဆတ်သော ရွက်ကျပင်ပေါက်ကို သေ ချာစွာဆေးကြော၍ ညက်စွာ ကြိတ် ပြီး မျက်ခွံပေါ်တွင်အုံပေးနိုင်ပါသည်။
ဆီးနှင့် ၀မ်းတွင် သွေးပါလျှင်
ဆီးနှင့် ပတ်သက်သောရောဂါ များ ခံစားနေရပါက လတ်တလော ဝေဒနာကို သက်သာစေနိုင်သည့် ရွက်ကျပင်ပေါက်ဆေးနည်းတစ်ရပ်ကို ဖော်ပြပေးလိုက်ပါသည်။ ရွက်ကျပင် ပေါက်ကြိတ်ရည်(သတ္တုရည်) ဟင်းစား စတီးဇွန်းထက်ဝက်ကို သကြားခဲ အနည်းငယ်နှင့်ရောစပ်ကာ ရေ အနည်းငယ်နှင့်သောက်ပေးပါ။ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပေးပါ။ အထက်ပါဆေးနည်း ကို သွေးဝမ်းရောဂါကိုလည်း ကုသ နိုင်ပါသည်။ ရွက်ကျပင်ပေါက် ပါဝင် သော အခြားဆေးနည်းများလည်း များစွာရှိပါသေးသည်။ ရွက်ကျပင်ပေါက်တွင် ပါဝင် သည့် အပင်ဒြပ်ပေါင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။ Kaempferol, Quercetin, Bryophyllin, P-hydroxybenzoic Acid, Caffeic Acid, Bryophyllol, Bryohollone, Syringic, Ferulic, Bryophnol, P-Coumaric, Phenanthrene, Flavone Glycoside Derivatives, Amyrins, Oleanance, Bersaldegenin- 1.3.5- Orthoacetate, Taraxasterol, α & β - Amyrins, Sterols, Sterols, Ref : (1) Minstry of Health. Department of Traditional Medicine Commonly used Herbal Plants. Volum VII (2) Kyaw Tint Swe Dictionary of Disease and Herbal Treatments
ဦးကျော်စိန်(မိုးကုတ်)

0 comments:

Post a Comment

Adsens