Headline

Wednesday 16 November 2011

အမျိုးသမီးများအတွက် ဆီးနှင့် ကျန်းမာရေး

အကျိုးဆောင်ဂျာနယ်
အမျိုးသမီးများအတွက် ဆီးနှင့် ကျန်းမာရေး
အမျိုးသမီးတွေ၏ ဆီးအိမ် သည် အမျိုးသားများထက် ပိုသေး သည့်အတွက် အမျိုးသမီးတွေက အမျိုးသားများထက် ဆီးသွား သည့် အကြိမ်အရေအတွက် ပိုများ သည်။ ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးဖွားခြင်းကလည်း ဆီးယိုမကျ အောင်ထိန်းပေးသည့်ြွကက်သား ကိုလည်း အားပျော့စေနိုင်သည်။ ဆီးက အမျိုးသမီးအတွက် ကျန်း မာရေးပြတင်းပေါက်မဟုတ်သော် လည်း ကျောက်ကပ်များ၊ ဆီး အိမ်နှင့် ဆီးလမ်းကြောင်းနှင့် ပတ် သက်သည့် ပြဿနာကို စောစော သတိပေးသိရှိစေနိုင်ပါသည်။

ဘယ်လိုဘယ်နည်း၊ဘာကြောင့်
ဆီးသွားခြင်းသည် ခန္ဓာ ကိုယ်၏ အရေးကြီးသည့် လုပ် ဆောင်ချက်တစ်ခုပဲဖြစ်သည်။ ဆီး သွားခြင်းဖြင့် ခန္ဓာကိုယ်မှာ ပိုလျှံ နေသည့် ရေနှင့် အညစ်အကြေး များကို စွန့်လွှတ်ပစ်သည်။ အညစ် အကြေးများထဲတွင် ယူရီးယား၊ ခရီတီနင်း (Creatinine) နဲ့ ယူရစ် အက်ဆစ်တို့ပါသည်။ ယင်းပစ္စည်း တွေက ပမာဏများလာလျှင် ခန္ဓာ ကိုယ်ကို အဆိပ်အတောက်ဖြစ်စေ သည်။ ခန္ဓာကိုယ်ထဲ၌ သွေးလည် ပတ်စီးဆင်းသည့်အခါ ကျောက် ကပ်များက သွေးထဲမှ ရေနှင့် အညစ်အကြေးကို စစ်ထုတ်ပြီး ဆီးအိမ်သို့ ပို့ပေးသည်။ ဆီးအိမ် က ဆီးနှင့် ပြည့်လာသည့်အခါ ကတော့ပုံအိတ်က တဖြည်းဖြည်း ဖောင်းလာသည်။ ၈စင်တီမီတာ အရှည်မှ ၁၂စင်တီမီတာ၊ သို့ မဟုတ် ထိုထက်ပိုပြီး ရှည်ထွက် လာသည်။ ကျန်းမာသည့်ဆီးအိမ် က ဆီးနှစ်ခွက်၊ (၂၅၀ ml) ကို နှစ်နာရီအထိ အသာလေးထိန်းထား နိုင်သည်။ သို့ပေမယ့် ဆီးအိမ်ထဲ တွင် ၄၀ဝ မှ ၅၀၀ ml ရှိသွားပြီ ဆိုလျှင်တော့ ဆီးအိမ်က ဦး နှောက်ဆီ အကြောင်းကြားတော့ သည်။ ယင်းအခါ ဆီးသွားချင်စိတ် ဖြစ်လာရသည်။ ဆီးသွားသည့်အခါ ဦးနှောက် က ဆီးအိမ်ြွကက်သားများကို ဆွဲ တင်ဖို့ အချက်ပြသည်။ ယင်းနည်း ဖြင့် ဆီးကိုညှစ်ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာ ရှုံြွ့ကက်သား (spincter)ကဖြေလျော့လိုက်သည့် အတွက် ဆီးကဆီးလမ်းကြောင်းထဲ မှ ထွက်ကျလာရသည်။
အကြိမ်အရေအတွက် တစ်နေ့ ဆီး (၇)ကြိမ် လောက်သွားခြင်းက ပုံမှန်ပဲဖြစ် သည်။ "၃ နာရီမှ ၄နာရီတစ် ကြိမ် ဆီးသွားတာက ကောင်းတဲ့ အကျင့်ဟု" စင်ကာပူနိုင်ငံ ချန်ဂီ အထွေထွေရောဂါကု ဆေးရုံကြီး ဆီးရောဂါဌာနမှ ဒေါက်တာ ဝင် ဖိုးချောင်က ပြောပါသည်။ ၂နာရီ အတွင်း တစ်ကြိမ်ထက်မက ဆီး သွားခဲ့လျှင် ဆီးလမ်းကြောင်းကူး စက်ရောဂါ၊ ဆီးအိမ်တုံ့ပြန်မှုလွန် ကဲခြင်း၊ သို့မဟုတ် ဆီးချိုရောဂါ အတွက်အချက်ပြဖြစ်နိုင်ခြင်း ဖြစ် သည်။
ဆီးအရောင်
ရောဂါကင်းသည့်ဆီးအရောင် မှာ အရောင်မဲ့ဖြစ်သည်။ သို့မဟုတ် အဝါရောင် ဖျော့ဖျော့ဖြစ်သည်။ ဆီးရောင်သိပ်ဝါလွန်းက သိပ်စိတ် ပူစရာ မလိုသော်လည်း အရောင် ကြည်လင်ပြီး ဆီးအနံ့ အသက် ပျော့ဖို့ ရေများများသောက်ဖို့ လို ပါသည်။ အဝါရင့်ရင့် မည်းညစ် ညစ်ဆီးက ရေဓာတ်လျော့နည်း ကြောင်း ပြသည်။ လက်ဖက်ရည် အရောင်ဆီးက အသားဝါကြောင့် ဆီးထဲသည်းခြေရည်ဝင်ရောက်နေ ခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် သွေးပါတာလည်း ဖြစ်နိုင်သည်။ သို့သော် အစားအစာ၊ ဗီတာမင် များနဲ့ ဆေးများကလည်း ဆီး အရောင်ကို ပြောင်းလဲစေနိုင်သည် ဆိုခြင်းကို သိထားသင့်သည်။
အနံ့
အရောင်နည်းတူ သင်စား လိုက်သည့် အစားအစာနှင့်အတူ ဆေးဝါးများကလည်း ဆီးရဲ့အနံ့ ပေါ် လွှမ်းမိုးမှုရှိသည်။ ကညွှတ်က ဆီးအနံ့ကို သိသာထင်ရှားစေသည့် အနံ့ဆောင်စေတာ လူသိများပါ သည်။ ပုံမှန်ကျန်းမာသည့် ဆီး အနံ့က အနံ့မရှိပါ။ အနည်းငယ် ပြင်းသည့် ဆီးအနံ့က ရေဓာတ် နည်းပါးမှုကိုပြပြီး အနံ့ဆိုးကတော့ ဆီးလမ်းကြောင်း ကူးစက်ရောဂါ ကျရောက်ခြင်းကြောင့် ဖြစ်နိုင် သည်။
သွေး
ဆီးထဲသွေးပါလျှင် ဆီးလမ်း ကြောင်း ကူးစက်ရောဂါ၊ ဆီး ကျောက်တည်ရောဂါ၊ ကင်ဆာ သို့ မဟုတ် ကျောက်ပြဿနာများထဲမှ တစ်ခုခုကို ညွှန်ပြသည်။ ဆရာဝန် ထံပြသပါ။
ဆီးကျဉ်ခြင်း
ဆီးအိတ်ထွက်ပေါက်မှာ ပိတ် ဆို့မှုရှိပါက ဆီးသွားသည့်အခါ ဆီးကျဉ်တာမျိုး ဖြစ်တတ်သည်။ ထို့အတူ ဆီးအားနည်းသည့်အတွက် ဆီးသွားသည့်အခါ ခက်ခဲစေသည်။ ဆီးသွားသည့်အခါကျဉ်လျှင် ဆရာ ဝန်ထံပြဖို့လိုမည်။ ဆေးစားဆေး သောက်ဖို့ လိုကောင်းလိုမည်။ သို့ မဟုတ် ဆီးအိမ်ထဲချြွူပန်ထည့်ရ ခြင်းမျိုး သို့မဟုတ် ခွဲစိတ်ကုသ ရခြင်းမျိုးလိုတတ်သည်။
ဆီချိုရောဂါ
ဆီချို(သွေးချို)ရောဂါဆိုသည် က သွေးထဲမှာရှိသည့် သကြား ဓာတ် (ဂလူးကို့စ်)ကို ပုံမှန်ချေ ဖျက်နိုင်ခြင်း မပြုနိုင်တော့သည့် အခြေအနေကို ဆိုခြင်းဖြစ်သည်။ ရေအိမ်သို့သွားရသည့် အကြိမ်များ လျှင် အထူးသဖြင့် ညအခါမျိုးမှာဆို လျှင် ဆီးချိုအတွက် လက္ခဏာ တစ်ခုဖြစ်နိုင်သည်။ အခြား ရောဂါ လက္ခဏာများမှာ ရေအလွန်အမင်း ငတ်ခြင်း၊ မောပန်ခြင်းနှင့် ကိုယ် အလေးချိန်ကျခြင်းတို့ပဲဖြစ်သည်။ ဆီးကိုကြည့်ရုံနှင့်တော့ ဆီးချိုရှိ မရှိ မသိနိုင်ပါ။ သွေးစစ်မှ သိနိုင် မည်ဖြစ်သည်။
ဆီးလမ်းကြောင်း ကူးစက် ရောဂါများ ယင်းရောဂါတွေသည် သိပ် ကို အဖြစ်များတတ်ကြသည်။ ဆီး အိမ်တွင် ရောဂါဖြစ်ခြင်းနှင့် ကျောက်ကပ်များမှာ ရောဂါဖြစ် ခြင်းဟူ၍ နှစ်မျိုး ခွဲခြားနိုင်သည်။ ကျောက်ကပ် ကူးစက်ရောဂါ၏ လက္ခဏာများမှာ ကျောဘက်ခါး အောက်ပိုင်းကိုက်ခြင်း၊ ခါးတစ် ခြမ်းကိုက်ခြင်းနှင့် အဖျားရှိခြင်းပဲ ဖြစ်သည်။ ဆီးအိတ်ရောင်ခြင်း (cystitis)မျိုးလို ဆီးအိမ် ကူးစက် ရောဂါမှာ အများအားဖြင့် ဝမ်း ဗိုက်အောက်ပိုင်းအောင့်ခြင်း၊ နာ ခြင်း၊ မကြာခဏဆီးသွားခြင်း နှင့် ဆီးသွားသည့်အခါ ဆီးပူခြင်း ပူးတွဲပါလာတတ်သည်။ ဆေးဆိုင်မှ အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် ဆေးများနှင့် ကုသနိုင်ပါသည်။ အတော်ကြာကြာ ဆေးစားလို့မှ မပျောက်ခဲ့လျှင် ဆရာဝန်ထံပြသ ပါ။ သို့မဟုတ်ပါက ရောဂါက ကျောက်ကပ်အထိ ရောက်သွားနိုင် ပါသည်။

ဦးလှမြင့်(ဂန္ဓမာ)

0 comments:

Post a Comment

Adsens